News

PRUDENTIAL အသက်အာမခံကုမ္ပဏီ မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်

၁၄ နို၀င်ဘာ ၂၀၁၃၊ ရန်ကုန် – ယူကေနိုင်ငံ အခြေစိုက် နိုင်ငံတကာ ဘဏ္ဍာရေး ၀န်ဆောင်မှုလုပ်ငန်းဖြစ်ကာ အာရှ၊ အမေရိကန်နှင့် ယူကေ တို့တွင် အဓိက လုပ်ငန်းဆောင်ရွက်နေသည့် Prudential plc (“Prudential”) သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခွင့် လိုင်စင် ရရှိထားပြီးဖြစ်ပါသည်။ အဆိုပါ လိုင်စင်အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ လုပ်ငန်းလည်ပတ်ခွင့် လိုင်စင် ရရှိရန် လုပ်ငန်းဆောင်တာများအတွက် ပထမခြေလှမ်းပင်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး ဖြေလျှော့မှုများ ယမန်နှစ် အစောပိုင်း မှစတင်၍ အဆင့်ဆင့် ဆောင်ရွက်ပြီးသည့်နောက် Prudential သည် မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်လှစ်ခွင့်ရသည့် ပထမဆုံး ဥရောပမှ အသက်အာမခံလုပ်ငန်း ဖြစ်လာပါသည်။ Prudential သည် အာရှဒေသ၏ ထိပ်တန်း အသက်အာမခံလုပ်ငန်း တစ်ခုဖြစ်ကာ ဈေးကွက် ၁၃ ခုတွင် လုပ်ငန်း ဖြန့်ကျက်ဆောင်ရွက်နေပါသည်။ ဒေသတွင်း ဖောက်သည် ၁၂ သန်းကျော်၏ လိုအပ်ချက်နှင့်အညီ စုဆောင်းမှုများ၊ ကုန်ပစ္စည်းများ ကာကွယ်ထိန်းသိမ်းပေးမှုများ အား ဆောင်ရွက်ပေးပါသည်။

Prudential သည် အာရှတွင် ရှည်ကြာသော သမိုင်းကြောင်း ရှိခဲ့ကာ ၁၉၂၃ ခုနှစ် ရှိ နေ့ရက် များတွင် မြန်မာနိုင်ငံ၌ ၎င်းတို့လာရောက်လုပ်ကိုင်ခဲ့ ပြီး ထိုစဉ်က မြို့တော်ဟောင်း ရန်ကုန်မြို့၊ ကမ်းနားလမ်းတွင် အခြေစိုက်ရုံး ရှိခဲ့ပါသည်။ ယခုအခါ မြန်မာနိုင်ငံက နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြန်လည် ပေါင်းစည်းရေး ကြိုးပမ်းမှုများကို နိုင်ငံတကာက ထောက်ခံအားပေး နေသည်နှင့်အညီ Prudential က မြန်မာဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။

Prudential Corporation Asia ၏ အမှုဆောင်အရာရှိချုပ် Barry Stowe က “မြန်မာနိုင်ငံမှာ ကျွန်တော်တို့ တိုးချဲ့ အခြေချ ဖို့အတွက် အလွန်ပင်စိတ်လှုပ်ရှားမိပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး တွေဆက်လက်ဆောင်ရွက်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာနေချိန်မှာ ကြီးမားတဲ့ အလားအလာကောင်းတွေ ကို ဒီနိုင်ငံမှာ တွေ့မြင်နေရပါတယ်။ မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းနဲ့ ငွေပင် ငွေရင်းဈေးကွက်များ ရေရှည် ဖွံ့ဖြိုးတိုးတက်ရန် အတွက် Prudential က သန္နိဋ္ဌာန် ချထားပါတယ်။ မြန်မာအစိုးရက ပြည်သူတွေအတွက် ဘဏ္ဍာရေး ၀န်ဆောင်မှုများ ဖော်ဆောင်ရန် ကြိုးပမ်းနေတာတွေကို ကျွန်တော်တို့က ကျွမ်းကျင်မှုများ ကမ်းလှမ်းရင်း ထောက်ခံ အားပေးသွားပါမယ်” ဟု ပြောသည်။

Prudential သည် မြန်မာနိုင်ငံ ဘဏ္ဍာရေး၀န်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ယူကေ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့ နှင့် Standard Chartered ဘဏ် တို့ဖြင့် ဖွဲ့စည်းထားသည့် ယူကေ-မြန်မာ ဘဏ္ဍာရေး၀န်ဆောင်မှု အသင်း (Taskforce) ၏ အဓိက အဖွဲ့၀င်တစ်ဦး ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးရန်အတွက်၊ ဈေးကွက်ရှိ ဘဏ္ဍာရေး၀န်ဆောင်မှုများကို မြန်မြန်ဆန်ဆန် ရရှိစေမည့် ဦးစားပေးနယ်ပယ်များကို အဓိက အာရုံစိုက်ထား၍ ဆောင်ရွက်ရန် အဆိုပါ Taskforce ကို ၂၀၁၃ ခုနှစ်တွင် တည်ထောင် ခဲ့ပါသည်။ ထို Taskforce သည် အများပိုင်နှင့် ပုဂ္ဂလိကပိုင် ကဏ္ဍများကို သင့်တော်သော သင်တန်းများ ပေးကာ ဘဏ္ဍာရေး ၀န်ကြီးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌတို့ကို အကြံဉာဏ်များ ပေးသွားပါမည် ဟုသိရှိရပါသည်။

အသေးစိတ်အကြောင်းအရာများအား www.prudentialcorporation-asia.com တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

စုံစမ်းလိုပါက ဆက်သွယ်ရန်

Hla Myat Mon                                                                       Shane Neubronner

TODAY Ogilvy Public Relations                                           TODAY Ogilvy Public Relations            

M: 09 5096881                                                                       M: 09 421151418    

E: [email protected]                                      E: shane.neubronner@todayogilvy.com

 

Susanna Hui

Prudential Corporation Asia

O:  852 29185485

E: [email protected]

Leave a Reply

Your email address will not be published. Required fields are marked *