News

Facebook Messenger အသစ် ရပြီ (Android & iOS)

အောက်တိုဘာလ တုန်းက ကြေညာခဲ့တဲ့ Facebook ရဲ့ Messenger အသစ်ကို Android , iOS နှစ်မျိုးစလုံးအတွက် Update ရရှိပါပြီ။ အဲဒီ ဗားရှင်း ကို Android Users အနည်းငယ်ကိုပဲ ပေးသုံးခဲ့ရာကနေ အခုတော့ အားလုံးသုံးနိုင်ပြီဖြစ်ပါတယ်။

ဒီဗားရှင်းမှာ အထူးခြားဆုံး ကတော့ Contacts ထဲမှာရှိတဲ့ Messenger App ရှိတဲ့သူတွေကိုအပြန်အလှန် Message ပေးပို့နိုင်တာဖြစ်ပြီး Facebook Friends ဖြစ်စရာမလိုပါဘူး။ Message ပို့ ရတာဟာလည်း SMS ပို့ရသလိုလျှင်မြန်လာပါတယ်။

အခုဗားရှင်း ဟာာ Android နဲ့ iOS အတွက် သီးသန့် ပြုလုပ်ထားတာဖြစ်ပြီး အိုင်ကွန်၊ အရောင် ၊ သွင်ပြင် တွေဟာ သက်ဆိုင်ရာ OS မှာ ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။

မိုဘိုင်းဖုန်းတွေကနေ Social Networks တွေအသုံးပြုသူများလာတဲ့အတွက် Message App ကို ပိုမိုကောင်းမွန်ဆန်းသစ်အောင်ပြုလုပ်ပေးနေတာဟာ Facebook ရဲ့ ရေရှည်စီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။ နိုင်ငံတော်တော်များများမှာ Text Message တွေကို အခပေးပြီးပေးပို့ နေကြရတဲ့အတွက် Free Message တွေပေးပို့ လို့ရတဲ့ Messenger ဟာ လူသုံးများလာမှာသေချာပါတယ်။

Messenger ကို Download လုပ်ချင်ရင်တော့ အောက်ကလင့်တွေကနေ Download လုပ်ပါ။

https://itunes.apple.com/us/app/facebook-messenger/id454638411?mt=8

https://play.google.com/store/apps/details?id=com.facebook.orca&hl=en

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

One thought on “Facebook Messenger အသစ် ရပြီ (Android & iOS)

  1. Shwe Moe says:

    အခု‌နောက်‌ဆုံးversion‌တွေfree call မပါ‌တော့ဘူးလား မ‌တွေ့‌တော့လို့

Leave a Reply

Your email address will not be published. Required fields are marked *