News

Prepaid GSM/ WCDMA မိုဘိုင်းဖုန်းများ အတွက်ထပ်တိုး၀န်ဆောင်မှုများစတင်

Prepaid ကြိုတင်ငွေ ဖြည့်ကတ်သုံး GSM နှင့် WCDMA မိုဘိုင်းဖုန်းများ အတွက် အောက်ပါထပ်တိုး ၀န်ဆောင် မှုများကို နို၀င်ဘာ ၁ရက်မှစတင်၍ သုံးစွဲသူများကိုယ်တိုင် ဖွင့် နိုင်မည်ဖြစ်ကြောင်း ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ မြန်မာဆက်သွယ်ရေး လုပ်ငန်းမှ ကြေညာထားပါသည်။

CW (Call Wait Service) အတွက် 1331 နံပါတ်သို့ SMS ဖြင့် (Orderdata CW) ဟု ပေးပို့ပြိးနောက် အတည်ပြုချက်စာတို (Notification Alert SMS) ရရှိပါမည်။ဆက်လက်၍ (Order data CH)ဟု ပေးပို့ပါရန်။
CF(Call Forwarding)အတွက် 1331 နံပါတ်သို့ SMS ဖြင့် (Orderdata CF) ဟုပေးပို့ပါရန်။
VMS (Voice Mail Service)အတွက် 1331 နံပါတ်သို့ SMS ဖြင့် (Orderdata VMS)ဟုပေးပို့ပါရန်။
MCA (Miss Call Alert) အတွက် 1331 နံပါတ်သို့ SMS ဖြင့် (Order data MCA) ဟုပေးပို့ပါရန်။

အထက်ဖော်ပြပါ အတိုင်း၀န်ဆောင်မှု အသီးသီး အတွက်စာတို (SMS) ပေးပို့ပြီးနောက် အတည်ပြုချက်စာတို (Notification Alert SMS) လက်ခံရရှိပါမည်။

CW(Call Wait Service)နှင့် CF (Call Forwarding)အနက်မှ (၁)ခုကိုရွေးချယ်သုံးစွဲရန်ဖြစ်ပြီး VMS (Voice Mail Service)နှင့် MCA (Miss Call Alert) အနက်မှ(၁)ခုကိုသာ ရွေးချယ်သုံးစွဲရန် ဖြစ်ကြောင်းသိရသည်။

ယင်း၀န်ဆောင်မှုများကိုအသုံးမပြုလိုတော့ပါကသုံးစွဲ သူကိုယ်တိုင် Cancel CF ဟု1331 နံပါတ်သို့ SMS ပေးပို့ပြီး ပြန်ပိတ်နိုင်ပါသည်။ ကောက်ခံမည့်နှုန်းထားများ အနေဖြင့် CW(Call Wait Service) အတွက် တစ်လလျှင် ၅၀၀ကျပ်၊ CF (Call Forward Service) အတွက် တစ်လလျှင် ၉၀၀၀ ကျပ်၊ VMS (Voice Mail Service) အတွက် တစ်လလျှင်၁၀၀၀ ကျပ် နှင့် MCA (Miss Call Alert) အတွက် တစ်လ လျှင်၁၀၀၀ကျပ်ဖြစ်ပြီး သိရှိလိုသည်များကို Call Center ဖုန်းနံပါတ် ၁၈၇၆ သို့ ဆက်သွယ်စုံစမ်း မေးမြန်း နိုင်ကြောင်းသိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

3 thoughts on “Prepaid GSM/ WCDMA မိုဘိုင်းဖုန်းများ အတွက်ထပ်တိုး၀န်ဆောင်မှုများစတင်

  1. နောက်ထပ်ဆင်းကာဒ်တွေအများကြီးချပေးစေချင်တယ် ဝန်ဆောင်မှုအများအပြားမလိုချင်သေးဘူး

  2. mpt မှ လိုင်းများ မကောင်းသေးသော်လည်း ဝန်ဆောင်မှု အသစ်ဖြင့် ပြည်သူ့ထံမှ တပတ်ရိုက်တယ် ထင်တာပဲ

  3. AHtwe says:

    Internet services ကို တစ်ခါတည်းဖွင့်ပေးထားစေချင်ပါသည်။(International အတိုင်း)

Leave a Reply

Your email address will not be published. Required fields are marked *