News

အင်ဒိုနီးရှား နိုင်ငံတ၀န်းလစာတိုးပေးရန် အလုပ်သမားများ ဆန္ဒပြ

အင်ဒိုနီးရှားနိုင်ငံ လစာငွေရရှိမှုနည်းပါးခြင်းကြောင့် အလုပ်သမားများ စုရုံးဆန္ဒပြမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ဆန္ဒပြမှုသည်ပြီးခဲ့သော ကြာသပတေးနေ့က စတင်ခဲ့ပြီး သောကြာနေ့အထိနှစ်ရက်တာ ဆန္ဒပြပွဲပြုလုပ်မည်ဟု သိရသည်။

အလုပ်သမားများသည် ငွေကြေးဖောင်းပွလာမှုနှင့် နေထိုင်စရိတ်မြင့်မားလာခြင်းတို့ကြောင့် အခြေခံလစာငွေများတိုးမြင့်ပေးရန် တောင်းဆိုကြခြင်းဖြစ်သည်။ ဆန္ဒပြမှုတွင် အင်ဒိုနီးရှားနိုင်ငံ တ၀န်းရှိ အလုပ်သမားအဖွဲ့အစည်းများမှ စုစုပေါင်းအလုပ်သမား သုံးသန်းခန့်ပါ၀င်ဆန္ဒပြခဲ့ကြသည်ဟုဆိုသည်။

အင်ဒိုနီးရှားအလုပ်သမားအဖွဲ့(KSPI) မှဥက္ကဌဖြစ်သူ မစ္စတာ Said Iqbal က အင်ဒိုနီးရှားတွင် နေထိုင်စားသောက် မှုကုန်ကျစရိတ်မှာ တဖြည်းဖြည်း မြင့်တက်လာလျက်ရှိသည် ဟု အေအက်ဖ်ပီ သတင်းဌာ နသို့ ပြောကြားခဲ့သည်။ တခြားသတင်းဌာန၏ ဖေါ်ပြချက်များအရ အလုပ်သမားများသည် ငါးရက်တာ ဆန္ဒပြပွဲ ပြုလုပ်ရန် စီစဉ်ခဲ့ကြပြီး လစာငွေ၏ ရာခိုင်နှုန်း ၅၀ ကို တိုးမြှင့်ပေးရန် တောင်းဆိုကြ မည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *