Gadgets

ရေချိုးနေရင်း သီချင်းနားထောင်ချင်လား?

မြန်မာအိုင်စီတီပရိသတ်တွေထဲမှာ ရေချိုးရင်း သီချင်းအကျယ်ကြီး အော်ဆိုကြတဲ့လူတွေ ဘယ်နှယောက်လောက် ရှိလဲမသိဘူး။ တကယ်တော့ ဒီလိုလုပ်ခြင်းဟာ စိတ်ဖိစီးမှုတွေကို ပြေပျောက်စေဖို့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သင့်ရဲ့ iPhoneနဲ့ပဲ ဖြစ်ဖြစ်၊ Bluetoothရတဲ့ ပစ္စည်းတစ်ခုခုနဲ့ပဲ ဖြစ်ဖြစ် ချိတ်ဆက်နိုင်တဲ့ Water Proof Speakerလေးတွေ လေ့လာနိုင်အောင် ဈေးနှုန်းနဲ့တကွ တင်ဆက်ပေးလိုက်ပါတယ်။

၁။ ION Audio Sound Splashဖြစ်ပါတယ်။ ဒေါ်လာ ၇၀သတ်မှတ်ထားကာ Bluetoothနဲ့ ချိတ်ဆက်နိုင်ပြီး ပြန်လည်အားသွင်းနိုင်တဲ့ Rechargeableစနစ်လည်း ပါ၀င်ပါတယ်။ သင့်ရဲ့ ရေချိုးခန်းထဲက ရေပန်းမှာ ချိတ်ထားနိုင်ပြီး သူ့မှာ Built-In ပါ၀င်လာတဲ့ Micတစ်ခုလည်း ရှိပါတယ်။ သီချင်းတွေနားထောင်တဲ့အခါ Speakerမှာသာမက၊ Micမှာပါ အသံထွက်ပြီး သင့်စမတ်ဖုန်းက ဖုန်းလာတဲ့အခါမှာတော့ ရေချိုးနေရင်းပဲ Micကနေ စကားပြောနိုင်ပါတယ်။

၂။ နောက်တစ်ခုကတော့ Appleပစ္စည်းတွေနဲ့ တွဲဖက်သုံးဖို့ သင့်တော်တဲ့ iDuckစပီကာ ဖြစ်ပါတယ်။ ပုံမှာပါတဲ့ အဖြူရောင်ဘဲဥပုံဟာ ကြိုးမဲ့ Transmitterဖြစ်ပြီးတော့ အဲဒီကနေ အဝါရောင် ဘဲပုံစံ Speakerကို ကြိုးမဲ့စနစ်နဲ့ သီချင်းသံတွေ ထွက်စေမှာပဲ ဖြစ်ပါတယ်။ သီချင်းဖွင့်စက်ကို အဖြူရောင်ဘဲဥနဲ့ ချိတ်ဆက်ထားရန်သာ လိုအပ်ပြီး ဒေါ်လာ ၃၀သတ်မှတ် ထားပါတယ်။ ကလေးကြီးတွေ၊ ကလေးငယ်တွေ နှစ်သက်မယ့် ပုံစံမျိုးပါ။

၃။ နံပါတ်သုံး စပီကာလေးကတော့ iShowerလို့ နာမည်ပေးထားပြီး ဒေါ်လာ တစ်ရာသတ်မှတ်ထား ပါတယ်။ ထူးခြားတာက စပီကာမှာ သီချင်းဖွင့်လို့ရတဲ့အပြင် ရေချိုးနေရင်း အချိန်ကို သိစေဖို့ နာရီပါ ထည့်သွင်းပေးထား ပါတယ်။ Deviceငါးခုနဲ့ အထက် Bluetoothအသုံးပြုကာ ချိတ်ဆက်နိုင်ပြီး မိသားစုများတဲ့ ရေချိုးခန်းအတွက် သင့်တော်တဲ့ Speakerတစ်လုံး ဖြစ်ပါတယ်။

၄။ Hipo by Invationလို့ နာမည်ပေးထားတဲ့ Speakerကတော့ ၂၅နာရီ အသုံးခံတဲ့ Batteryပါ၀င်တယ် လို့သိရပါတယ်။ ဒေါ်လာတစ်ရာ သတ်မှတ်ထားကာ Built-In Micပါ၀င်ပြီး Bluetoothနဲ့ ချိတ်ဆက်ထားရင် သင့်ဖုန်းလာတဲ့အခါ ရေချိုးနေရင်းနဲ့ ဖုန်းပြန်လည်ဖြေကြား နိုင်ပါတယ်။

၅။ နောက်တစ်ခုက Blue Splash Shower Tunesဆိုတဲ့ Speakerလေးပါ။ ၀ိုင်း၀န်းတဲ့ပုံစံနဲ့ ရိုးရှင်းလွယ်တဲ့ ခလုတ်တွေမှာ သီချင်းနားထောင်တာ၊ ဖုန်းကိုင်တာတွေလုပ်နိုင်ပြီး ပုံမှာပြထားတဲ့ အပြာရောင်သာမက လှပတဲ့ အရောင်အသွေးစုံနဲ့လည်း ရရှိနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၀လို့ သိရှိရပါတယ်။

၆။ “ION Audio Water Rocker”ဆိုတဲ့ ဒေါ်လာ ၈၀တန် ရေစိုခံSpeakerကတော့ စပီကာနဲ့ သီချင်းဖွင့်စက် Dockကြားမှာ ခြေလှမ်းတစ်ရာ အကွာအေ၀းထားနိုင်ပြီး ထူးခြားချက်အနေနဲ့ FM Radioပါ Built-Inပါ၀င် တာကိုတွေ့ရပါတယ်။

၇။ နောက်ဆုံးတစ်ခုကတော့ ဈေးအကြီးဆုံးနဲ့ အလန်းဆုံးပါပဲ။ ဒေါ်လာနှစ်ရာ သတ်မှတ်ထားပြီး ပုံမှာ ပြထားတဲ့အတိုင်း သင်ရေချိုးတဲ့ ရေပန်းမှာတင် တစ်ခါတည်းတပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ Kohlerက ထုတ်လုပ်တဲ့ အထူးပြုလုပ်ထားတဲ့ Kohler Moxie Showerheads စပီကာဖြစ်ပြီး Rechargeable Batteryနဲ့ အသုံးပြုရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေအထားနဲ့ ဆိုရင်တော့ Water Proof Speakerတွေဟာ ဈေးကြီးပေမယ့် သူ့ရဲ့ အသုံး၀င်မှုတွေကို နှစ်သက်သူတွေကတော့ ၀ယ်ယူကြမှာ အသေအချာပါပဲ။ ဒါကို ဖတ်ရှုပြီးတော့ အိုင်စီတီပရိသတ်ကြီးကော ဘယ်စပီကာကို ရွေးချယ်ချင်ပါသလဲ?

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *