Apps, Review

Phone ၀ယ်ဖို့ရွေးချယ်ရခက်နေရင် Geekaphone မှာရွေးချယ်ပါ

Phone ၀ယ်ဖို့ရွေးချယ်ရခက်နေရင် Phone တွေ ရဲ့ Specification တွေကို Side-By-Side နှိုင်းယှဉ်ပြီး ရွေးချယ်မှသာ အဆင်ပြေစေနိုင်ပါတယ်။ ဒီလိုရွေးချယ်နိုင်ဖို့အတွက် Geekaphone ဆိုတဲ့ ၀က်ဆိုက် ကို အသုံးပြုနိုင်ပါတယ်။ တက်ဘလက် တွေကို နှိုင်းယှဉ်ရွေးချယ်၀ယ်ယူနိုင်ဖို့အတွက် Tablet Rocket ဆိုတဲ့ ၀က်ဆိုက်ကိုသုံးနိုင်ပါတယ်။ Tablet Rocket အကြောင်းကို ဒီဆောင်းပါးမှာဖတ်ရှုပါ။ Geekaphone က ဖုန်းငါးလုံးအထိ Compare လုပ်ပေးနိုင်ပါတယ်။

Geekaphone ရဲ့ Home Page ကတော့ ရိုးရှင်းပြီး ဖုန်းနှစ်လုံးကို Side-By-Side နှိုင်းယှဉ်ဖို့ ပြုလုပ်ပေးထားပါတယ်။ ဖုန်းမားကတ် မှာ နာမည်ကြီးနေတဲ့ ဖုန်းတွေ ဖြစ်တဲ့ Moto X, Nexus 4, iPhone 5S, Galaxy S4, Note 3, LG G2, Lumia 1020, Moto X, HTC One စတဲ့ဖုန်းတွေကိုလည်း ပြသပေးထားပြီး အဲဒီဖုန်းတွေကိုအလွယ်တကူ နှိုင်းယှဉ်လို့ရပါတယ်။ နှိုင်းယှဉ်ချင်တဲ့ ဖုန်းနှစ်လုံးကို Click နှိပ်ပေးရုံပါပဲ။ ဖုန်းတွေ ရဲ့ နာမည်ကို ရိုက်ပြီးတော့လည်း နှိုင်းယှဉ်နိုင်ပါတယ်။ နှိုင်းယှဉ်ဖို့ ဖုန်းတွေ ရွေးချယ်ပြီးရင်တော့ COMPARE button ကိုနှိပ်ပါ။

2

Geekaphone က CPU clock speed,RAM,Screen,Battery Size,Internal Storage Capacity စတဲ့ ဖုန်းတွေ ရဲ့ Specs တွေကို ဖော်ပြပေးပါလိမ့်မယ်။ Page အောက်ကိုဆင်းပြီးကြည့်ရင် Camera Specs,Video Resolution Capabilities,CPU Architecture စတဲ့ ပိုပြီးပြည့်စုံတဲ့သတင်းအချက်အလက်တွေကို သိနိုင်ပါတယ်။

3

နောက်ထပ်ဖုန်းတစ်လုံးကိုနှိုင်းယှဉ်ချင်သေးရင် ညာဘက်က + Button ကနေ ထပ်ဖြည့်နိုင်ပါတယ်။ Recommend လုပ်ပေးထားတဲ့ဖုန်းတွေလည်းတွေ့မြင်နိုင်ပြီး Click တစ်ချက်နှိပ်ပြီးနှိုင်းယှဉ်တဲ့စာရင်းထဲထည့်နိုင်ပါတယ်။

4

ဖုန်း၀ယ်ဖို့ရွေးချယ်ရခက်နေရင်တော့ Geekaphone ၀က်ဆိုက်ကိုသွားရောက်ရွေးချယ်ပါလို့အကြံပြုလိုက်ပါတယ်။

Visit Geekaphone

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *