How-to

Tablet ၀ယ်ဖို့ ရွေးချယ်ရခက်နေလား? TabletRocketမှာ ရွေးချယ်ပါ

Appleလား Androidလား? 6 GB လား 13 GB လား? အဖြူလား အမည်းလား? စသဖြင့် Tablet တစ်လုံး ၀ယ်တော့မယ်ဆိုရင် ဒါတွေကို စဉ်းစားရပါပြီ။ လူအများစုက Tabletဆိုရင် iPadကို ပဲ ပြေးမြင်ကြပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ Android Tabletတွေကို လူကြိုက် ပိုများပြား လာကြပါတယ်။ Tablet ၀ယ်ချင်သူ အများစုက Tablet အကြောင်းကို နားမလည်ကြပါဘူး။ အဲဒီ အခက်အခဲကို ဖြေရှင်းပေးနိုင်တဲ့ TabletRocketဆိုတဲ့ Free Web Serviceတစ်ခုနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ TabletRocketက Android, iOS, Windows and BlackBerry OSစတဲ့ Tablet တွေကို နှိုင်းယှဉ် ပြနိုင်ပြီး သင်လိုချင်တဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ Tabletကို အလွယ်တကူ ရွေးချယ် ၀ယ်ယူနိုင်မှာပါ။

Physical Specificatiion, Price Information, Performance Tests, Reviewsတွေ အလိုက် ခွဲခြားနှိုင်းယှဉ်ပြီး အလွယ်တကူ ရှာဖွေနိုင်မယ်လို့ TableRocketက ပြောပါတယ်။ TabletRocketရဲ့ Home Pageမှာ Tablet နှစ်ခုကို Head-To-Head နှိုင်းယှဉ်ဖို့ Interface  ပြုလုပ်ထားပါတယ်။ Pricing Information အပါအ၀င် Battery Life, Camera, Screen, Storage, RAM, Critics Rating တွေကို နှိုင်းယှဉ် ဖော်ပြပေးပါလိမ့်မယ်။

Tables, Statistics, Spec Sheets, Prices and Reviewsစတာတွေကို အသုံးပြုပြီး Comparison Resultsကို လူတွေ နားလည်လွယ်အောင် ဖော်ပြပေးနိုင်ပါတယ်။ Visual Comparisonပြုလုပ်ဖို့ ပုံတွေကို အကြီးချဲ့ ကြည့်နိုင်ပါတယ်။ Tablet တစ်ခုချင်းစီရဲ့ Overall Ratingကို သတ်မှတ်ပေးထားပြီး အမြင့်ဆုံး အမှတ်က 10 ဖြစ်ပါတယ်။

Web Page အောက်ကို ဆင်းကြည့်မယ်ဆိုရင် Testing Applicationတွေဖြစ်တဲ့ Geekbench, Passmark, AnTuTu 3D and Sunspider စတာတွေရဲ့ Benchmarkလုပ်ထားတဲ့ သုံးသပ်ချက်တွေကို တွေ့မြင်နိုင်ပါတယ်။ Tabletတစ်ခုရဲ ့ အခြားတစ်ခုအပေါ် အားသာချက် အားနည်းချက်တွေကို အပြန်အလှန်အားဖြင့် ပြသ ပေးနိုင်ပါသေးတယ်။

Tabletတွေကို တကယ် ဝယ်ယူတော့မယ် ဆိုရင် အဓိက စဉ်းစားရတဲ့  အချက်တွေ ဖြစ်တဲ့ Performance, Graphics, Battery Life and Third-Party Reviews စတာတွေ အပေါ်မူတည်ပြီး Review Panelမှာ အမှတ်တွေ သတ်မှတ် ပေးထားပါတယ်။ ဒါ့အပြင် ဈေးနှုန်းအရ ဘယ် Tabletကို ရွေးချယ်သင့်တယ် ဆိုတာကိုလည်း အမှတ်တွေ ပေးပြီး ပြသပေးပါတယ်။

TabletRocketရဲ့ Main Pageမှာလည်း ကွဲပြားတဲ့ စွမ်းဆောင်ရည်တွေအလိုက် ဘယ် Tabletတွေ က အကောင်းဆုံးလဲ ဆိုတာကို ပြသပေးထားပါတယ်။ Most Processing Power, Fastest Web Browsing, Longest Battery Life, Highest 2D and 3D Graphics Performance, Best Valueစတဲ့ စွမ်းဆောင်ရည်တွေ အလိုက် အကောင်းဆုံးတွေကို ရွေးချယ်ပေးထားတာပါ။

Tablet၀ယ်ဖို့ ရွေးရခက်နေရင်တော့ TabletRocketမှာ သင့် လိုအပ်ချက်နဲ့ ကိုက်ညီမယ့် Tabletတွေကို အလွယ်တကူ ရွေးချယ် ၀ယ်ယူနိုင်မှာပါ။

Visit TabletRocket

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

One thought on “Tablet ၀ယ်ဖို့ ရွေးချယ်ရခက်နေလား? TabletRocketမှာ ရွေးချယ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *