News

ဖိုင်လင်းဆိုင်ကလုန်း အားကောင်း ရေယာဉ်များ ရှောင်ရှားနိုင်ရန် သတိပေးထား

အောက်တိုဘာ ၁၀ရက် နံနက် ၉နာရီခွဲ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းနေသော ဆိုင်ကလုန်းမုန်တိုင်း ဖိုင်လင်း( PHAILIN) သည် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပြီး ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၃၆၀ခန့်၊ ကိုကိုးကျွှန်းမြို့၏ အနောက်မြောက်ဘက် ၂၉၄မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဗဟိုချက်အနီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်၁၀၀မှ မိုင်၁၂၀အထိ ရှိနိုင်သည်။ ဆိုင်ကလုန်မုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွှန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင်၅၀အထိ တိုက်ခတ်နိုင်သည်။

အားအလွန်ကောင်းသော ဆိုင်ကလုန်မုန်တိုင်း၏ လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်ရှိပြီး မြန်မာနိုင်ငံကမ်းခြေသို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ်သော်လည်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် မုန်တိုင်းအန္တရာယ်ရှောင်ရှားရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

သို့ဖြစ်၍ မြန်မာ့ ပင်လယ်ငါးလုပ်ငန်းရေပြင် အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော ကမ်းနီးငါးဖမ်းလှေများ၊ ပြည်တွင်းပြည်ပ ကမ်းဝေး ငါးဖမ်းရေယာဉ်များအနေဖြင့် အဆိုပါမုန်တိုင်းအန္တရာယ်မှ ရှောင်ရှား ကာကွယ်နိုင်ရန်အတွက် အောက်ဖေါ်ပြပါ တည်နေရာများတွင် အချိန်မီ ခိုလှုံကြရန် လိုအပ်ပါသည်။

(က) ရခိုင်ပြည်မယ် ပေါက်တောမြို့မယ် ဖရုံကာကျွန်း( မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၀၀မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၃ဒီဂရီ ၀၀မိနစ်)
(ခ) ရခိုင်ပြည်နယ် သံတွဲမြို့မယ် သဗြုချိုင် (ANDREWBAY) (မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၂၀မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၂၀ မိနစ်)
(ဂ) ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ငလပွေချောင်း (မြောက်လတ္တီတွဒ် ၁၉ဒီဂရီ ၂၄မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၃ဒီဂရီ ၃၃မိနစ်)
(ဃ) ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဆင်ခေါင်းဆိပ်ကမ်း (မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၃၁မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၁၃မိနစ်)
(င) ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ သင်္ဘောဆိပ် (မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၁၅မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၁၃မိနစ်)
(စ) ရခိုင်ပြည်နယ် ဂွမြို့နယ် တင်းတောကျေးရွာ အုပ်စု အမော်ချိုင် (မြောက်လတ္တီတွဒ် ၁၇ဒီဂရီ ၃၇မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၃၄မိနစ်)
(ဆ) ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း (HSLNGYI ISLAND) (မြောက်လတ္တီတွဒ် ၁၅ဒီဂရီ ၁၈မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၂၀မိနစ်)
(ဇ) ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ပြင်ခရိုင်ချောင်းဝကျေးရွာ (မြောက်လတ္တီတွဒ် ၁၆ဒီဂရီ ၀၀မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၂၄ဒသမ ၄၀မိနစ်)
(ဈ) ဧရာဝတီတိုင်းဒေသကြီး ကဒုံကန်ကျေးရွာ (မြောက်လတ္တီတွဒ် ၁၅ဒီဂရီ ၄၈မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၆မိနစ်)

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးရှိ ကမ်းနီး ငါးဖမ်းရေယာဉ်များသည် ငါးဖမ်းဆီးထွက်ခွာခြင်း မပြုကြရန်နှင့် နီးစပ်ရာ လုံခြုံသည့် ကျွန်းများတွင် ကျွန်းခိုကြရန် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ကြေညာထားသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *