How-to

PDF File တွေကို Password နဲ့ ကာကွယ်မယ်

သင့်ရဲ့ PDF File တွေမှာ တစ်ခြားသောလူတွေ ဖျက်ဆီးမှုကို မခံစေချင်တဲ့ သတင်းအချက်တွေ ပါနေနိုင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ PDF File တွေမှာ တစ်ခြားသောလူတွေ မမြင်မတွေ့စေချင်တဲ့ သတင်းအချက်တွေလည်း ပါနေနိုင်ပါတယ် ။ ဒီလိုအခြေအနေမျိုးမှာဆိုရင် အောက်ဖော်ပြပါ အတိုင်း လိုက်လုပ်ပြီးတော့ သင့်ရဲ့ PDF File တွေကို ကာကွယ်လိုက်ပါ ။

File > Property > Security

passpdf2-625x625

သင်ကာကွယ်ချင်တဲ့ သင့်ရဲ့ PDF File ကို Adobe Acrobat ကို သုံးပြီး ဖွင့်လိုက်ပါ ။ သင့်မှာ Adobe Acrobat မရှိဘူးဆိုရင်တော့ ဒီမှာ Download လုပ်လိုက်ပါ ။ Adobe Acrobat ကိုသုံးပြီး သင့်ရဲ့ PDF File ကိုဖွင့်ပြီးတာနဲ့ Screen ရဲ့ အပေါ်ဆုံးမှာရှိတဲ့ “File” ဆိုတာကို ကလစ်နှိပ်လိုက်ပါ ။ ပြီးတာနဲ့ List အောက်ဆုံးနားမှာရှိတဲ့ Properties ဆိုတာကို ကလစ်နှိပ်လိုက်ပါ ။ Properties ထဲကို ၀င်ရောက်ပြီးတာနဲ့ Dialogue Box ရဲ့ အပေါ်ဘက်အခြမ်းမှာရှိတဲ့ “Security” ဆိုတဲ့ Tab ကို ကလစ်နှိပ်လိုက်ပါ ။ သင့်အနေနဲ့ Security Method ဆိုတဲ့ နေရာမှာ Default အနေနဲ့ No Security ကိုရွေးချယ်ထားတာ တွေ့ရမှာဖြစ်ပါတယ် ။

Security Method

securedadobeacrobat2-625x625

No Security ဆိုပြီး ရွေးချယ်ထားတာကို ပြောင်းလဲဖို့အတွက် Drop-Down Arrow လေးကိုနှိပ်လိုက်ပါ ။ Drop-Down Arrow ကိုနှိပ်လိုက်တာနဲ့ Drop-Down Menu တစ်ခုကျလာတာကို တွေ့မြင်ရမှာဖြစ်ပါတယ် ။ Drop-Down Menu ထဲကမှ “Password Security” ကိုရွေးချယ်လိုက်ပါ ။

Password Setting

lock-adobe-pdf2-625x625

Password Security ကို ရွေးချယ်ပြီးတာနဲ့ Window အသစ်တစ်ခုပေါ်လာမှာ ဖြစ်ပါတယ် ။ အသစ်ပေါ်လာတဲ့ Window မှာမှ Password Security နဲ့ ပတ်သတ်တဲ့ Setting တွေ အကုန်ပါလာမှာ ဖြစ်ပါတယ် ။ Compatibility ကိုရွေးချယ်တဲ့ အပိုင်းမှာတော့ “Adobe 7.0 and Later” ကိုရွေးချယ်တာ အကောင်းဆုံးဖြစ်ပါတယ် ။ သင့်အနေနဲ့ Password နဲ့ ကာကွယ်ထားတဲ့ သင့်ရဲ့ Document တွေကို Search Engine ကိုအသုံးပြုပြီး ရှာဖွေလို့ရချင်တယ်ဆိုရင်တော့ “Encrypt all document contents expect metadata” ကိုရွေးချယ်ထားလိုက်ပါ ။ နောက်တစ်ဆင့်အနေနဲ့ “Require a password to open the document” ဆိုတဲ့ Box မှာ အမှန်ခြစ်လိုက်ပါ ။ ပြီးတာနဲ့ Password ရွေးချယ်ပါ ။ သင့်ရဲ့ Document တွေကို သင်တစ်ဦးတည်း အသုံးပြုချင်တယ်ဆိုရင်တော့ Password ပေးပြီး ကာကွယ်တာအကောင်းဆုံးဖြစ်ပါတယ်။

Considering Restricting Editing and Printing

lock-adobe-pdf-3-625x625

ပုံမှန်အားဖြင့်ဆိုရင်တော့ သင့်ရဲ့ Document တွေကို Editing နဲ့ Printing လုပ်ဖို့ Password ပေးဖို့မလိုအပ်ပါဘူး ။ ဒါပေမဲ့ ဒီ Feature ကို အသုံးပြုဖို့ အကြောင်းပြချက်တွေရှိပါတယ် ။ သင့်အနေနဲ့ သင့်ရဲ့ Document Files တွေကို တစ်ခြားသောလူတွေကို Edit နဲ့ Print ပေးမလုပ်ဘဲ ပေးကြည့်ရုံသာပေးကြည့်မယ်ဆိုရင် ဒီ Feature ဟာ အသုံး၀င်ပါတယ် ။ Edit နဲ့ Print လုပ်ဖို့ Password ပေးတဲ့အခါ သင့်ရဲ့ Document တွေကို ကြည့်ဖို့ပေးခဲ့တဲ့ Password နဲ့ မတူအောင်ပေးလို့ရပါတယ် ။ ဒီနေရာမှာပဲ သင့်အနေနဲ့ သင့်ရဲ့ Document တွေကို Print လုပ်ဖို့ Resolution ကို သင်စိတ်တိုင်းကျ ရွေးချယ်နိုင်ပါတယ် ။

နောက်ဆုံးအနေနဲ့ သင့်ရဲ့ Document မှာရှိတဲ့ Text နဲ့ Image တွေကို Copy ပေးလုပ်နိုင်တဲ့ Option ကိုလည်း ရွေးချယ်လို့ရပါတယ် ။

REF: http://www.digitaltrends.com/computing/password-protect-pdf/

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *