News

ပုသိမ်တက္ကသိုလ် မြန်မာစာကျောင်းသား ကျောင်းသူဟောင်းများ မြတ်ဆရာ ပူဇော်ပွဲ ကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ပုသိမ်တက္ကသိုလ် ဓမ္မာရုံ၌ အောက်တိုဘာ ၆ရက် မွန်းတည့်၁၂နာရီက ပုသိမ်တက္ကသိုလ်မြန်မာစာ ဌာန ကျောင်းသားကျောင်းသူဟောင်းများ၏ ပထမအကြိမ် အငြိမ်းစား ဆရာကြီး ဆရာမကြီးများအား မြတ်ဆရာ ပူဇော်ပွဲ အခမ်းအနား ကျင်းပနိုင်ရေးအတွက် အစည်းအဝေး ကျင်းပခဲ့သည်ဟု သိရသည်။

အစည်းအဝေးသို့ ပုသိမ်တက္ကသိုလ် မြန်မာစာ ဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူဟောင်းများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။ ၎င်းအစည်းအဝေးတွင် မြတ်ဆရာ ပူဇော်ပွဲ ကျင်းပနိုင်ရေး ကော်မတီများ ဖွဲ့စည်းကာ ယခုနှစ် ဒီဇင်ဘာ ၇ရက်၌ ပထမအကြိမ် မြတ်ဆရာ ပူဇော်ပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။

ထိုနောက် ရပ်နီးရပ်ဝေးမှ မြန်မာစာအဓိက ကျောင်းသား၊ ကျောင်းသူဟောင်းများ ဆက်သွယ်လှူဒန်းလိုပါက ဒေါက်တာစုစုနွယ် (ကထိက) ၀၉-၄၅၁၂၂၉၁၆၁၊ ဦးမြင့်ဌေး ၀၉-၈၅၅၄၁၃၉၊ ဦးမျိုးမင်းထွန်း (လက်ထောက်ကထိက)၀၉-၄၉၇၁၆၃၉၄၊ ဒေါ်သန်းသန်းမြင့် (ကထိက) ၀၉-၄၉၇၃၉၁၉၁၊ ဦးကြည်ဆွေ (လက်ထောက်မော်ကွန်းထိန်း) ၀၉-၄၂၂၄၈၆၂၈၉ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကာ ဘဏ်မှ တစ်ဆင့် ငွေလှူဒန်းနိုင်ရန်အတွက် အမရဘဏ် ငွေစာရင်းအမှတ်၊ ၀၁၁၀၂၀၂၁၀၀၀၀၈၉၀၂သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *