ရုပ်ထွက်ကောင်းကောင်းနဲ့ 4K အရသာခံစားချင်တဲ့သူတွေအတွက် ၂၀၁၉ နောက်ဆုံးထွက် Panasonic ရဲ့ 43″ LED TV (TH-43GX600S) လာပါပြီ။ နောက်ဆုံးပေါ် 4K TV တစ်လုံးရဲ့ 6 colour Reproduction ကိုအသုံးပြုထားတဲ့ Hexa Chroma Drive နဲ့ ပုံရိပ်အလင်းအမှောင်တွေကို စိစစ်ပေးတဲ့ Backlight Dimming တို့ကြောင့် ရုပ်ရှင်ဇာတ်ဝင်ခန်းတိုင်းကို အလင်းအမှောင်၊ ကာလာ မှန်ကန်စွာနဲ့ ခံစားနိုင်စေမှာပါ။ Smart TV တစ်လုံးလည်းဖြစ်တာကြောင့် Internet Apps တွေနဲ့ VODs တွေကို အလွယ်တကူချိတ်ဆက်နိုင်ဦးမှာပါ။
HDR Format ပေါင်းများစွာကို ထောက်ပံ့ပေးထားလို့ HDR10 ကိုသာမက Hybrid Log Gamma ကိုပါ အသုံးပြုနိုင်ပါတယ်။ HDR ကိုကောင်းစွာထောက်ပံ့ပေးမှုကြောင့် ပုံရိပ်တွေကို ပြင်ပကမ္ဘာမှာ ပကတိမြင်တွေ့နေရသလို ခံစားရစေမှာဖြစ်ပြီးတော့ နည်းပညာအသစ်တွေက ယခင်က တီဗွီတွေမှာ မရခဲ့ဖူးတဲ့ ခံစားမှုအသစ်တွေကို ခံစားရရှိစေမှာ ဖြစ်ပါတယ်။
ပုံရိပ်တွေကြည်လင်ပြတ်သားတောက်ပတယ်ဆိုတာ တီဗွီတစ်လုံးက ဘယ်လောက်ထိ တောက်ပမှု (Brightness) ပေးနိုင်လဲဆိုတာပေါ်မူတည်ပါတယ်။ IPS Super Bright Panel ပါဝင်လာတဲ့အတွက် ပုံရိပ်တွေကို အမြင့်ဆုံး Brightness ထောက်ပံ့ပေးမှာဖြစ်ပြီး ဘယ်ဘက်ကကြည့်ကြည့်လှပနေတဲ့ ပုံရိပ်တွေကို မြင်တွေ့ရမှာပါ။
IT ခေတ်မှာ စွမ်းရည်မြင့် Smart TV တစ်လုံးအနေနဲ့ YouTube, Netflix နဲ့အခြား အင်တာနက် ရုပ်သံအစီအစဉ်တွေကို ခံစားနိုင်မှာဖြစ်ပြီး ကြီးမားတဲ့ မျက်နှာပြင်မှာ Web-browsing လုပ်တာအပြင် အခြားအသုံးဝင် Apps တွေကို အသုံးပြုနိုင်ဦးမှာပါ။
ဒီလိုအားသာချက်တွေများစွာပါဝင်တဲ့ Smart TV တစ်လုံးကို ဝယ်ယူချင်တယ်ဆိုရင်တော့ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုမှာယူနိုင်ပါတယ်။
🛍 https://ict.com.mm/product/panasonic-43-led-tv-th-43gx600s-2019/