ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ ၂၀၁၃-၂၀၁၄ခုနှစ်အတွက် အသုံးစရိတ် ခန့်မှန်းခြေစာရင်းအရ ယခု ဘဏ္႑ာရေးနှစ်အတွင်း ရန်ကုန်မြို့၏ လမ်း တံတားဆိုင်ရာ လုပ်ငန်းများအတွက် ငွေ ကျပ်သန်းကျပ် ၃၅,၀၀၀ကျော်အထိ တိုးမြှင့် သုံးစွဲရန် လျာထားသည်ဟု သိရသည်။ လမ်းတံတားဆိုင်ရာ လုပ်ငန်းများဟု ဆိုရာ တွင် လမ်းများ ကတ္တရာခင်းခြင်း၊ ကွန်ကရစ် ခင်းခြင်း၊ တံတားများ တည်ဆောက်ခြင်း၊ လမ်းများချဲ့ထွင်ခြင်း၊ လမ်းသားများ တိုးမြှင့် ခြင်း၊ လူသွားစင်္ကြန်လမ်းပေါင်း ၃၀၀ကျော် ကို အဆင့်မြှင့်တင်ရန်တို့လည်း ပါဝင်သည် ဟု သိရသည်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီသည် တစ်နှစ်ဝင်ငွေ အား ကျပ် ၆၀ဘီလျံမှ ၇၀ဘီလျံကြား ရရှိရန် မျှော်မှန်း လုပ်ဆောင်လျက် ရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္႑ာရေးနှစ်က အသုံးစရိတ် ငွေ ကျပ် ၅၅ဒဿမ ၅၂ဘီလျံကို ရရှိခဲ့သည့် အတွက် ယင်းအထဲမှ လမ်းတံတားဆိုင်ရာ လုပ်ငန်းများအတွက် အသုံးစရိတ်အဖြစ် ၂၁ ရာခိုင်နှုန်း ကျပ် ၁၁ ဘီလျံကျော် (ငွေကျပ် သန်း ၁၁၀၀၀)ကျော် သုံးစွဲခဲ့ကြောင်း ထုတ် ပြန်ခဲ့သည်။ ယခုနှစ်တွင် ရန်ကုန်မြို့တော်၌ ယာဉ် ကြောပိတ်ဆို့မှုများ ပိုဖြစ်လာသဖြင့် ခုံး ကျော်တံတားများ တည်ဆောက်ခြင်း၊ လမ်း ချဲ့ထွင်ခြင်း၊ အခမဲ့ ယာဉ်ရပ်နားနိုင် သည့် နေရာများ ပြုလုပ်ပေးခြင်းတို့ အတွက် ဘဏ္႑ာငွေများ တိုးမြှင့် သုံးစွဲရန် လျာထား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိ တည်ဆောက်နေသော ရွေှဂုံတိုင်နှင့် ဘုရင့် နောင် ခုံးကျော် တံတား နှစ်စင်းကိုလည်း ယခုဘဏ္႑ာရေး နှစ်အတွင်း အပြီးတည် ဆောက်ရန် လျာထားခြင်းကြောင့် ဘဏ္႑ာ ငွေများ ထည့်သွင်းရေးဆွဲခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။
ရန်ကုန်မြို့ လမ်းတံတား လုပ်ငန်းများ အတွက် ယခုဘဏ္႑ာနှစ်တွင် ကျပ်သန်း ၃၅,၀၀၀ကျော် သုံးစွဲမည်

10
Jun