News

Dell က အရင်လို ဈေးကွက် အောင်မြင်မှု များ ပြန်လည် ရရှိလိုဟု ဆို

www.thestar.com

၂၀၁၃ ခုနှစ် ဈေးကွက်ရရှိမှုတွင် Dell၏ ဈေးကွက်ရရှိမှုများဟာ အရင်နှစ်က များထက် ပိုမို အောင်မြင်လာတာ တွေ့ရ သော်လည်း ဒီထက် ပိုမို၍ အောင်မြင်မှုများ ရရှိရန် မျှော်လင့်ထားသေးကြောင်း သိရပါ တယ်။ လက်ရှိတွင် Dellဟာ Serverနဲ့ PCဆိုင်ရာ လုပ်ငန်းတွေကို အဓိက ဦးစား ပေး လုပ်ဆောင်နေပြီး စွမ်းဆောင်ရည် ပြည့် စုံ ကောင်းမွန်သော ပစ္စည်းများကိုသာ တန် ကြေး နည်းနည်းဖြင့် ထုတ်လုပ် ဖြန့်ချိလျက် ရှိကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ လေးလ ပတ်အတွင်း Dellဟာ Serverဆိုင်ရာ လုပ် ငန်းများတွင် တိုးတက် အောင်မြင်လာပြီး Server အပိုင်းတွင် ၁၄.၄ ရာခိုင် နှုန်းနှင့် IDC အပိုင်းမှ ၁၀.၁ ရာခိုင် နှုန်းတို့ မြင့်တက် အောင်မြင်လာ ကြောင်း သိရပါတယ်။ ဒီနှစ် အောင် မြင်မှုများသည် စုစုပေါင်း ဈေးကွက် ရရှိမှု၏ ၂၂.၂ ရာခိုင်နှုန်း ရရှိ အောင်မြင်ခဲ့ပြီး ၂၀၀၆ခုနှစ် အတွင်း က ဈေးကွက် ရရှိမှု ၂၁.၇ ရာခိုင်နှုန်း နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် သာလွန် အောင်မြင် နေကြောင်း သိရ ပါသည်။

အကယ်၍ Dellဟာ ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုကို အမြန်ဆုံး ချမှတ် ဆောင်ရွက် နိုင်မယ်ဆိုရင် Fujistuနဲ့ IBMတို့ ကဲ့သို့ ဈေးကွက် အောင် မြင်မှုများ ရရှိ နိုင်သလို တန်ကြေးနည်း ပစ္စည်းအပိုင်း တွင်လည်း Quanta နှင့် Wistron လိုမျိုး ကုမ္ပဏီမျိုးနှင့် ပြိုင်ဆိုင် ထုတ်လုပ်နိုင်မှာ ဖြစ်ကြောင်းနှင့် တန်ကြေးနည်း ပစ္စည်းများ မှာ ခိုင်မာသော ဈေးကွက်များ ရရှိနေခြင်း ကြောင့် Dell အနေနဲ့ တန်ကြေးနည်း ပစ္စည်း ထုတ်လုပ်မှု အပိုင်းဘက်ကိ်ု ဦးလှည့်ရန် စီစဉ်လျက်ရှိကြောင်း သိရပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *