News

ဘီဘီစီကို မိုဘိုင်းဖုန်း မှ နားဆင်နိုင်တော့မည်

bbc-news

မြန်မာနိုင်ငံသားများနှင့် နှစ်ပေါင်းများစွာ ရင်းနှီးမှုရရှိထားပြီးဖြစ်သည့် ဗြိတိန်အခြေစိုက် ဘီဘီစီ ရေဒီယို အသံလွှင့်ဌာန၏ မြန်မာ ဘာသာဖြင့် ထုတ်လွှင့်မည့် အစီ အစဉ်များကို အခ ပေးစနစ်ဖြင့် မိုဘိုင်း ဖုန်းမှ တစ်ဆင့် တစ် ရက်လျှင် နှစ်ကြိမ် နားဆင်နိုင်မည်ဖြစ် ကြောင်း၊ BBCမြန်မာ ပိုင်း အစီအစဉ် အယ်ဒီတာ ဦးမင်းထက်က ပြောကြားသည်ဟု သိရသည်။ နေ့စဉ် နံနက် ၈နာရီနှင့် ညနေ ၆နာရီခွဲတို့တွင် စက္ကန့် ၉၀ကြာမြင့်မည့် မြန်မာဘာသာ အစီအစဉ် များကို မိမိ၏ မိုဘိုင်းဖုန်းသို့ တိုက်ရိုက် ခေါ်ဆို ထုတ်လွှင့်သွားမည် ဖြစ်ပြီး၊ မြန်မာရေးရာ သတင်း၊ နိုင်ငံတကာနှင့် အားကစားသတင်း ကဏ္႑တို့ အပါအဝင် အရေးပေါ် ကြားဖြတ် သတင်းများကို အချိန်နှင့် တစ်ပြေးညီ ခေါ် ဆိုပေးပို့သွားမည် ဖြစ်ကြောင်း၊ ဘီဘီစီ၏ ကြေညာချက်အရ သိရသည်။ တစ်လ ၁၈၀၀ကျပ် သတ်မှတ်ထားကြောင်း၊ ဇွန်လ ၃ရက်နေ့ကစပြီး လွှင့်မှာ ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် အိမ်ဖုန်းများကိုလည်း ပေးပို့ နိုင်အောင် စီစဉ်နေကြောင်း ဦးမင်းထက်က ရှင်းပြပါသည်။

အဆိုပါ အစီအစဉ်များကို သတ်မှတ်ချိန်တွင် စာရင်းပေးသွင်းထား သည့် မိုဘိုင်းသို့ ခေါ်ယူမည် ဖြစ်ပြီး ဖုန်း မအားပါက သတ်မှတ်ထားသည့် ဖုန်း နံပါတ်သို့ ပြန်လည်ခေါ်ဆိုကာ အခမဲ့ နား ဆင်နိုင်မည် ဖြစ်ကြောင်း၊ ထို့ပြင် ထုတ်လွှင့် ပြီး အစီအစဉ်များကိုလည်း အချိန်မရွေး သက်ဆိုင်ရာ ဖုန်းနံပါတ်သို့ ပြန်လည် ခေါ်ဆိုကာ နားဆင်နိုင်မည် ဖြစ်ပြီး၊ ယင်း အတွက် အခကြေးငွေ တစ်စုံတစ်ရာ ပေး အပ်ရန် မလိုကြောင်း ဦးမင်းထက်က ပြော ကြားသည်။ သို့ရာတွင် ယခု ဝန်ဆောင်မှု သည် တန်ဖိုး နည်း ၁၅၀၀တန် ဖုန်းများတွင် မရရှိနိုင်သေးကြောင်းနှင့် နောက်လတွင်မှ ရနို်င်မည်ဟု သိရသည်။ယခုအစီအစဉ်ကို BBCနှင့် ပြည်တွင်း အိုင်တီဝန်ဆောင်မှု ကုမ္ပဏီ Blue Ocean Operating Managementတို့ ပူးတွဲ တင် ဆက်ခြင်း ဖြစ်ကာ အသေးစိတ်ကို ဖုန်း နံပါတ် ၀၁-၂၃၉-၉၆၀၀သို့ ဆက်သွယ် မေး မြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ အချိန်တွင် မိုဘိုင်းဖုန်းမှ တစ်ဆင့် သတင်း တို ပေးပို့မှု (SMS Service)ကို သတင်းဌာန အချို့က ဝန်ဆောင်မှုပေးလျက်ရှိပြီး ယခုကဲ့ သို့ အသံဖြင့် ဝန်ဆောင်မှုပေးခြင်း (Voice Service)မှာ ပထမဆုံး ဝန်ဆောင်မှု ဖြစ်သည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *