News

မြန်မာနိုင်ငံတွင် 2C2Pနှင့် ပူးပေါင်း၍ Online Payment သုံးနိုင်ပြီ

မြန်မာနိုင်ငံတွင် ပြောင်းလဲလာသော မူဝါဒများအရ တိုးတက်ဖွံ့ဖြိုးစေရန် လုပ်ဆောင်နေချိန်တွင် “Online Payment System” သည်လည်း တစ်ခုအပါအ၀င် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံနှင့် 2C2P ကုမ္ပဏီတို့ စာချုပ်ချုပ် ပူးပေါင်းခဲ့သည်။ 2C2P သည် Customer များကို Smart Card များဖြင့် အလွယ်တကူ ငွေရှင်းနိုင်ရန် ၀န်ဆောင်မှု ပေးရုံသာမက Door To Door စနစ်ဖြင့်လည်း ၀န်ဆောင်မှု ပေးနေသော ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။

တည်ထောင်သူ Mr.Aung Kyaw Moe သည်လည်း မြန်မာလူမျိုးဖြစ်ပြီး 2C2P ကို ထိုင်းနိုင်ငံတွင် စတင်တည်ထောင်ခဲ့ကာ ယခုအချိန်တွင် 2C2P ကိုမြန်မာပြည်သို့ ဆောင်ကြဥ်းနိုင်ခဲ့ပြီ ဖြစ်သည်။ မြန်မာလူမျိုး ဖြစ်သည့်အတွက် မြန်မာစျေးကွက်၏ အခြေအနေ၊ စျေးကွက်လိုအပ်ချက်များကို သဘောပေါက်လွယ်မည် ဖြစ်သည်။ အဆိုပါ E-payment စနစ်များကိုအသုံးပြုလိုသူများအနေဖြင့် Online မှတစ်ဆင့် ငွေပေးချေနိုင်သလို Online မသုံးသူများအနေဖြင့် Convenience Store များတွင်လည်းငွေပေးချေခြင်းကိစစကိုဆောင်ရွက်နိုင်သည်။ ထိုင်းနိုင်ငံတွင် အဆိုပါစနစ်ကို အသုံးပြုခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း ထိုစနစ်ကိုအစပျိုးပြီး 2C2P အနေဖြင့် E-commerce Site များအသုံးပြီး Customer’s Doorstep များအထိ ရောက်အောင်မည်သို့ လုပ်ဆောင်သွားမည်မှာ စောင့်ကြည့်ရမည်ဖြစ်သည်။
2C2P၏ ပထမခြေလှမ်းအနေဖြင့် ၄င်းတို့သည် မြန်မာနိုင်ငံသားများဘဏ်နှင့် စတင်ပူးပေါင်းခဲ့သည်။ သို့သော် မြန်မာနိုင်ငံသားအများစုမှာ ဘဏ်အကောင့်များ မရှိကြသေးသောကြောင့် အဆိုပါကိစစများကို 2C2P အနေဖြင့် မည်သို့မည်ပုံကိုင်တွယ် ဖြေရှင်းသွားမည်ဆိုသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။

Ref: www.techinasia.com/2c2p-brings-online-payment-myanmar/

Leave a Reply

Your email address will not be published. Required fields are marked *