News

Nokia ရဲ့ တန်ဖိုးနည်းဖုန်းသစ် Lumia 625

ဖင်လန်နိုင်ငံအခြေစိုက် Nokia ကုမ္ပဏီအနေနဲ့ ၎င်းတို့ရဲ့ တန်ဖိုးနည်း Windows Phone အသစ်တစ်မျိုးကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ Lumia 625 လို့အမည်ပေးထားပြီး Screen Display 4.7 inches, WVGA (480 × 800) 201 ppi ရှိပါတယ်။ ဒါ့အပြင် 1.2 GHz Dual-Core Snapdragon S4 Processor, 512MB RAM, 2000 mAh battery နဲ့ VGA ရှေ့ကင်မရာတို့ပါ၀င်ပါတယ်။ Bluetooth 4.0 နဲ့ GPS စနစ်၊ 5MP Camera with LED flash တို့လည်း ပါ၀င်ပါသေးတယ်။ အဆိုပါဖုန်းဟာ 4G စနစ်သုံး ဖုန်းတွေအနက်မှာတော့ ဈေးနှုန်းအသက်သာဆုံး ဖြစ်ပါတယ်။
အဖြူ၊ အနက်၊ လိမေ္မာ်၊ အစိမ်း၊ အဝါ စသဖြင့် အရောင်အသွေးစုံ ရှိပြီးတော့ အဆိုပါ colourful backcover တွေရဲ့ အောက်မှာ အဖြူခံ cover တစ်ခုရှိပါသေးတယ်။ ကိုင်ဆောင်ရ လွယ်ကူပေါ့ပါးပြီး လှပသေသပ်တဲ့ ပုံစံရှိတဲ့ အဆိုပါ Lumia 625 ကို ဥရောပ၊ အာဖရိက၊ လက်တင်အမေရိကနဲ့ တရုတ်၊ အိန္ဒိယ စတဲ့အာရှနိုင်ငံတွေမှာပါ မှာယူနိုင်ပြီ ဖြစ်ပါတယ်။ မြောက်အမေရိကမှာ ဖြန့်ချိပေးမယ့် ရက်အတိအကျကိုတော့ Nokia အနေနဲ့ confirm မဖြစ်သေးဘူးလို့လည်း သိရှိရပါတယ်။ လက်ရှိသတ်မှတ်ထားတဲ့ ဈေးနှုန်းကတော့ ယူရို ၂၀၀၊ ၂၂၀ ခန့်ရှိပါတယ်။

Ref : www.theverge.com/2013/7/23/4547488/nokia-lumia-625-specs-pictures-video

Leave a Reply

Your email address will not be published. Required fields are marked *