Apps

Windows ရဲ့ Services များအကြောင်း

ကိုယ့်ရဲ့ Computer ပေါ်မှာ စာစီစာရိုက် လုပ်တာတို့၊ သီချင်းနားထောင်တာတို့၊ Network ချိတ်ဆက်တာတို့ စတဲ့ လုပ်ငန်းတွေ လုပ်လို့ ရနေတာဟာ Windowsရဲ့ services တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီ servicesကြောင့် Network ချိတ်ဆက်ရင် Connectionတွေ ရမယ်၊ သီချင်း နားထောင်ရင်လဲ သီချင်းသံတွေ ကြားရမယ်။ ဒါတွေဟာ ဒီ servicesတွေ အလုပ် လုပ်နေလို့သာ ရနေတာပဲ ဖြစ်ပါတယ်။ servicesတွေကတော့ အများကြီးပဲ ရှိပါတယ်။ ကိုယ့်အတွက် လိုအပ်တာတွေ ရှိသလို မလိုအပ်တာတွေလဲ ရှိပါတယ် ၊ မလိုအပ်တဲ့ဟာတွေဆိုရင်တော့ ပိတ်ထားပေါ့။

အဲဒီလို ပိတ်ထားလိုက်မယ်ဆိုရင် Memoryသုံးစွဲမူကိုလဲ လျော့နည်းသွားစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ servicesတွေ အကုန်လုံးကလဲ Memoryပေါ် အလုပ်လုပ်နေကြတာလေ ဒါကြောင့် ကိုယ့်အတွက် မလိုအပ်တဲ့ servicesတွေဆိုရင် ပိတ်ထားသင့်ပါတယ်။ (ဥပမာ) ကိုယ့်ရဲ့ Computerကို Speakerနဲ့ တွဲမသုံးဘူးဆိုရင် Audio servicesကို ပိတ်ထားတာမျိုးတို့၊ အိမ်မှာ တစ်လုံးထဲ သုံးတဲ့အတွက် Network servicesတွေကို ပိတ်ထားတာမျိုးတို့ လုပ်နိုင်ပါတယ်။ ဒါကတွေကတော့ ကိုယ် မလိုအပ်တာတွေကို ပိတ်တာပါ။ တစ်ခါတစ်လေ Virusတွေကြောင့် ကိုယ်သုံးနေတဲ့ servicesတွေကို အပိတ် ခံထားရတာမျိုးတွေ ရှိပါတယ်။ Audio servicesတွေကို ပိတ်ထား သီချင်း ဖွင့်ရင် အသံ မကြားရတာမျိုးတို့၊ Network servicesတွေကို ပိတ်ထားလို့ Network connectionတွေကို shareလို့ မရတာတွေ ဖြစ်နိုင်ပါတယ်။

အဲဒီလိုမျိုး servicesတွေကို ပိတ်ချင်တယ်၊ ဖွင့်ချင်တယ်ဆိုရင် Run boxထဲမှာ services.mscလို့ ရိုက်ပါ။ ဒါဆိုရင် services box ကျလာပါလိမ့်မယ်။ အဲဒီ့ boxထဲမှာ ကိုယ် ဖွင့်ချင်၊ ပိတ်ချင်တဲ့ servicesတွေကို Double Click နှိပ်လိုက်ပါ။ Startup typeထဲမှာ Automatic၊ Manual၊ Disable ဆိုပြီး ရှိပါတယ်။ Automatic ဆိုတာကတော့ windows စတက်တာနဲ့ အဲဒီ Servicesတွေက အလိုအလျောက် အလုပ် လုပ်ပါတယ်၊ Manual ပေးထားမယ်ဆိုရင်တော့ user ကိုယ်တိုင် ဝင်ရောက် started လုပ်ပေးရမှာ ဖြစ်ပါတယ်။ Disable ဆိုရင်တော့ ပိတ်ထားတာပေါ့။ ဒီ services box ထဲမှာ ဘယ် services တွေက started ဖြစ်နေတယ် ဘယ် services တွေကတော့ Stop ဖြစ်နေတယ်ဆိုတာကို ပြပေးထားပါတယ်။ ကိုယ် သုံးချင်တဲ့ servicesတွေကို started ဖြစ်သွားအောင် startကို နှိပ်ပေးရမှာ ဖြစ်ပြီး ပိတ်ချင်တဲ့ servicesတွေကို stopကို နှိပ်ပေးလိုက်ရင် ရပါပြီ။ Network connection တွေ မမိရင် Network Connection shareတို့ workstation servicesတွေကို started လုပ်ပေးလိုက်ရင် ရပါတယ်။ Remote Desktop servicesကို disable လုပ်ထားမယ်ဆိုရင်လဲ Computer နှစ်လုံးကို Remote လှမ်းဆွဲလို့ ရမှာ မဟုတ်ပါဘူး။ Speakerက အသံ မကြားရဘူးဆိုရင်တော့ Windows Audio Servicesကို start လုပ်ပေးလိုက်ရင် ရပါပြီ။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *