Cameras, Review

3D ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မယ့် Nikon Coolpix L810 Semi-Pro Camera

ဈေးကြီးကြီး ပေး၀ယ်ရတဲ့ Professional ကင်မရာ တစ်လုံးကို ကိုင်ဆောင်မယ့်အစား ဈေးနှုန်း သက်သက်သာသာနဲ့ Professional ကင်မရာ တစ်လုံး အသွင်ဆောင်တဲ့ ကင်မရာကို ကိုင်ဆောင်ချင်သူများအတွက် Nikon Coolpix L810 Semi-Pro ကင်မရာ တစ်လုံးက အသင့်လျော်ဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။ Coolpix L810 ကင်မရာက မယုံကြည်စရာ ကောင်းလောက်တဲ့ Image Quality၊ ကြီးကျယ်လှတဲ့ Zoom Range နဲ့ အခြားသော Function တွေကြောင့် Photographer တွေကို ကျေနပ်စေနိုင်ပါတယ်။ ဘယ်လို ထူးခြားတဲ့ Function တွေ ပါ၀င်လဲဆိုတာကို ဆက်ကြည့်ရအောင်…

ရှုခင်းတွေကို ကြည်လင်စွာ ရိုက်ကူးနိုင်
Nikon Coolpix L810 က Digital ကင်မရာ တစ်လုံးပါ။ ဒါပေမယ့်လည်း ဒီဇိုင်းပုံစံနဲ့ Function တွေက Professional ကင်မရာ အသေးစားကဲ့သို့ အသုံးပြုနိုင်ပါတယ်။ 26x Optical Zoom ရှိတဲ့အတွက် Resolution မြင့်တဲ့ Image တွေကို ရယူနိုင်ပါလိမ့်မယ်။ Lens ကို 22.5 mm အထိ ဆွဲယူကာ ရှုခင်း အလှအပများကို Wide-angle ဖြင့် ရိုက်ကူးနိုင်မည် ဖြစ်ပြီး အေ၀းမှ ရှုမျှော်ခင်းများကို ကြည်ကြည်လင်လင် ဖမ်းယူရိုက်ကူးနိုင်စေရန် 585 mm အထိ ဆွဲယူနိုင်ပါလိမ့်မယ်။ ISO range က 100 ကနေ 3200 အထိ ရရှိမှာ ဖြစ်ပါတယ်။

HD Movie ရိုက်ကူးနိုင်
Stereo Sound ဖြင့် 720p ရှိတဲ့ HD Movie တွေကိုလည်း ရိုက်ကူးနိုင်မှာ ဖြစ်ပြီး ဓာတ်ပုံ ရိုက်ကူးနေရင်းကနေ Movie တွေကို အလွယ်တကူ ဖမ်းယူနိုင်စေရန် Button တစ်ခုကို ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ ဒါကြောင့် Button ကို တစ်ချက် နှိပ်ရုံဖြင့် ဓာတ်ပုံနဲ့ Movie တွေကို အလျှင်မြန်ဆုံး ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ သင် ရိုက်ကူးထားတဲ့ Movieတွေကို Screen ကြီးကြီးမှာ အားပါးတရ ကြည့်ရှုနိုင်ဖို့အတွက် built-in HDMI Port ကို ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ Recording Speed က 30 frames per second အထိ ရှိပါတယ်။

LCD Display
ကင်မရာ အရည်အသွးက 16.1 Megapixel ရှိပါတယ်။ 4x Digital Zoom ရှိတဲ့အပြင် Image Sensor အမျိုးအစားက 1/2.3 inches CCD Sensor ကို အသုံးပြု ထားတယ်လို့ ဆိုပါတယ်။ LCD Screen Size ကတော့ ၃ လက်မ အရွယ်အစား ရှိပြီး 920K dots နဲ့ ပုံဖော်မှာ ဖြစ်ပါတယ်။

Design
ဒီဇိုင်းပုံစံကို DSLR ကင်မရာ အသေးစား တစ်လုံးအသွင် ဆင်ယင်ပေးထားပြီး DSLR ထက်တော့ ပိုပြီး ကိုင်ဆောင်ရတာ ပေါ့ပါးပြီး အဆင်ပြေစေပါတယ်။ အမှောင်မှာ ရိုက်ကူးနိုင်ဖို့အတွက် Build-in Flash လည်း ပါ၀င်တာ တွေ့ရပါတယ်။

Photo quality
ISO range 200 အောက်ကို ချိန်ပြီး ရိုက်ကူးရင်တောင်မှ အကောင်းဆုံး ဓာတ်ပုံတွေကို ပေးစွမ်းနိုင်တယ်လို့ ဆိုထားပါတယ်။Sensitivity နှုန်းကို မြှင့်တင်ထားတဲ့အတွက် Noise များကို လျှော့ချပေးနိုင်တဲ့အပြင် ဓာတ်ပုံတွေကို သဘာ၀ကျကျ အသေးစိတ် ပုံဖော် ရိုက်ကူးနိုင်ပါတယ်။ Indoor ရိုက်ကူးရင်ပဲဖြစ်ဖြစ် အလင်းရောင် အားနည်းတဲ့ အချိန်နေရာမျိုးမှာ ရိုက်ကူးရင်ပဲဖြစ်ဖြစ် Photo Quality က ထိပ်ဆုံးထိ မရောက်တောင် အနိမ့်ဆုံး Quality မဖြစ်ပါဟု ဆိုထားပါတယ်။

Video quality
Video Qualityက အထက်မှာ ဖော်ပြထားတဲ့ Photo Quality နဲ့ အတူတူပါပဲ။ ရိုက်ကူးထားတဲ့ ပုံတွေကို Size ချုံ့ ပြီး Website ပေါ်မှာ တင်ရင်တောင်မှ အရည် အသွေး မြင့်ပါတယ်။ ဒါပေမယ့် အရမ်း မြင့်လွန်းတဲ့ အရှိန်နဲ့ သွားနေတဲ့ အရာတွေကို ရိုက်ကူးရာမှာတော့ အနည်းငယ် ချို့ယွင်းမှုတွေ ရှိတယ်လို့ ဆိုထားပါတယ်။ Recording တွေ ပြုလုပ်နေတဲ့အချိန်မှာ Lens တွေကလည်း Zoom ဆွဲယူနိုင်အောင် ကူညီပေးပါလိမ့်မယ်။

3D Shooting Mode
Macro Mode ပါ၀င်တဲ့အတွက် အေ၀းက ပုံရိပ်တွေကို 1cm အကွာအေ၀း အနအထားအထိ ဆွဲယူကာ Focus ဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Image Stabilization ပါ၀င် တဲ့အတွက် ဓာတ်ပုံ ရိုက်ကူးတဲ့အခါ မကြည်လင် မပြတ်သားမှုတွေကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ 3D Shooting Mode ပါ၀င်ခြင်းပါပဲ။ 3D Shooting Mode က 3D အရည်အသွေးရှိတဲ့ ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။

အားသာချက်
Nikon Coolpix L810 ကင်မရာမှာ 26x Optical Zoom ရယူနိုင်ခြင်းက အားသာချက် တစ်ခုပါ နောက်ပြီး ဘတ်ထရီအမျိုးအစားက အလွယ်တကူ ၀ယ်ယူ အသုံးပြုနိုင်မယ့် AA ဘတ်ထရီ အမျိုးအစားပါ။

အားနည်းချက်
အလင်းရောင် နည်းတဲ့နေရာများနဲ့ Indoor ရိုက်ကူးရေးတွေ ပြုလုပ်တဲ့အခါမှာ ပုံထွက် အရည်အသွေး အားနည်းခြင်းက သူ့ရဲ့ Negative အချက်လို့ ဆိုနိုင်ပါ တယ်။ နောက်ပြီး Autofocus ဖြတ်တဲ့ နေရာမှာရော ရိုက်ကူးရေးတွေ ပြုလုပ်တဲ့နေရာမှာပါ Performance နိမ့်တယ်လို့ ဆိုထားပါတယ်။

Price
ဘယ်လောက် အားသာချက်တွေ၊ အားနည်းချက်တွေ ရှိနေပါစေ၊ ပေးချေလိုက်ရတဲ့ တန်ဖိုးနဲ့ ထိုက်တန်အောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ Nikon Coolpix L810 ကင်မရာရဲ့ ဈေးနှုန်းကတော့ ကျပ် ၂၀၀,၀၀၀ ၀န်းကျင်ဖြင့် Digital Dream ဖုန်း ၀၁-၇၀၄-၇၂၇ သို့ ဆက်သွယ် စုံစမ်း၀ယ်ယူနိုင်ပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *