Mobile

Android OS အမြင့်ဆုံး ပထမဆုံး Google Nexus 4 Smartphone

LG နဲ့ Google တို့ ပူးပေါင်းပြီး Google Nexus 4 Smartphone ကို မိတ်ဆက််ခဲ့ပါတယ်။ Nexus Series ထဲက နောက်ဆုံးထုတ် ဖြစ်ပြီး Android OS ရဲ့ နောက်ဆုံး Update Version 4.2 Jelly Bean ကို Original ထည့်သွင်းပေးထားတဲ့ ပထမဆုံး Smartphone ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် နို၀င်ဘာလ ၁၃ ရက်နေ့မှ ကမ္ဘာ့ ဈေးကွက် ထဲကို တရား၀င် ဖြန့်ချိမှာ ဖြစ်ပါတယ်။

Design
ဒီဇိုင်းအသွင်အပြင်က အတိအကျ မသိရှိနိုင်သေးပါဘူး။ ဒါပေမယ့် ဖုန်းရဲ့ အနောက်ပိုင်း ကာဗာကို အကြမ်းခံနိုင်တဲ့ Glass တစ်မျိုးနဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Processor & RAM
1.5GHz quad-core Processor နှင့် 2GB RAM ကို အသုံးပြုထားပါတယ်။ Google အနေနဲ့ကလည်း အင်တာနက် အသုံးပြုပြီး Searching လုပ်ရာမှာ တစ်ချက်တည်းနဲ့ ပြီးပြတ်စေနိုင်သည်ဟု ဆိုထားပါတယ်။

No 4G Network
Google Nexus 4 မှာ 4G Network ကို Support လုပ်ပေးနိုင်တဲ့ LTE နည်းပညာ မပါ၀င်ပါဘူး။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး Google အနေနဲ့ 4G Network အသုံးပြုခြင်းသည် ဘတ်ထရီ သုံးစွဲမှု မြန်ဆန်စေခြင်းကြောင့် 4G Networkကို ထည့်သွင်း မပေးထားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 4G Radio များသည် ဘတ်ထရီ စွမ်းအင်ကို ကြောက်စရာ ကောင်းလောက်အောင် သုံးဖြုန်းနိုင်ကြောင်း ဆက်လက် ရှင်းပြခဲ့ပါတယ်။

Storage
Smartphone ကို Memory တိုးချဲ့ ပြီး အသုံးပြုလိုသူတွေ အတွက်တော့ သတင်းဆိုး တစ်ခု ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Nexus 4 မှာ Memory ထပ်စိုက် အသုံးပြုနိုင်ဖို့အတွက် micro SDCard Slot မပါ၀င်ပါဘူး။ ကုမ္ပဏီကနေ Original ထည့်သွင်းပေးထားတဲ့ 8GB or 16GB Storage ပမာဏကိုပဲ အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။

Display
Nexus 4 Screen က iPhone 5 ရဲ့ Screen လိုပဲ ကောင်းမွန်တယ်လို့ ဆိုထားပါတယ်။ Screen အရွယ်အစားက ၄.၇ လက်မ ရှိပြီး 1280 x 768 Pixels ရှိပါ တယ်။ ခြစ်ရာများ၊ အပွန်းအပဲ့များကို ခံနိုင်ရည်ရှိသည့် Gorilla Glass 2 ကို အသုံးပြုထားပါတယ်။

Camera
8MP ကင်မရာတစ်လုံး ပါ၀င်ပြီး 1080p HD Video တွေကို ရိုက်ကူးနိုင်ပါတယ်။ Googleရဲ့ အခေါ်အရ Photo Sphereဟု တွင်သည့် Street View-style 360-degree Panoramas ဓာတ်ပုံတွေကိုလည်း ရိုက်ကူးနိုင်ပါသေးတယ်။ Video Call ကဲ့သို့ အသုံးပြုနိုင်တဲ့ Google Hangouts အတွက်တော့ 1.3MP ကင်မရာကို ဖုန်းရဲ့ အရှေ့ပိုင်းမှာ တပ်ဆင်ထားတယ်လို့ ဆိုထားပါတယ်။

Price
Google Nexus 4 ရဲ့ ဈေးနှုန်းက 8GB ကို USD 299 နဲ့ 16GB ကို USD 349 ဖြစ်ပြီး တရား၀င် ကြေညာမည့်နို၀င်ဘာ (၁၃)ရက်နေ့မှာ ရောင်းချမယ်လို့ ဆိုထားပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

One thought on “Android OS အမြင့်ဆုံး ပထမဆုံး Google Nexus 4 Smartphone

Leave a Reply

Your email address will not be published. Required fields are marked *