News

Nexus 7 Tabletနဲ့ ASUS Fonepad မြန်မာပြည်မှာ ၀ယ်ယူနိုင်ပြီ

ASUS NEXUS7C-1B047A

Tabletကို Processor အမြင့်ပိုင်းနဲ့ သုံးချင်သူများအတွက် Googleနဲ့ Asus ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Nexus 7 tablet လေးအကြောင်း ရှင်းပြချင်ပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ Android 4.2 (Jelly bean) ကိုသုံးပေးထားပြီး 7 inch display အပြင် Nvidia Tegra 3 quad-core 1.2GHz ဖြစ်တဲ့အတွက်Internet သုံးချင်သူများ၊ Game ကစားချင်သူများ နှင့် တခြားလုပ်ဆောင်ချက်တော်တော်များများကိုလည်း လွယ်ကူမြန်ဆန်စွာ လုပ်ဆောင်နိုင်ပါတယ်။

Polymer battery ဖြစ်တဲ့အတွက် Battery Lifeကိုလည်း ကြာရှည်စွာ အသုံးပြုနိုင်တဲ့အတွက် ခရီးဝေးသွားမယ့်သူတွေအတွက် အဆင်ပြေစေပါတယ်။ Memory အနေနဲ့ 1G ပါရှိပြီး storage 32G ကလည်း Tablet တစ်လုံးအတွက် အပြည့်အဝ လုံလောက်မှုတွေ ပေးစွမ်းနိုင်ပါတယ်။ Front Cam 1.2Mega-pixel ပါဝင်ပြီး wireless ကိုလည်း အမြင့်ဆုံး (b/g /n) အပြင် Bluetooth 3.0 တို့ လည်း ပါဝင်တဲ့အတွက် သုံးစွဲသူတွေကို စိတ်ကြိုက်ဖြစ်စေမှာပါ။ Resolution ကိုလည်း (1280 x 800 ) အမြင့်ဆုံး သုံးပေးထားပြီး အသံပိုင်းဆိုင်ရာမှာလည်း ကြည်လင်ပြတ်သားမှု ရရှိစေမှာပါ။

3Gစနစ်ပါဝင်တာကြောင့် internet အသုံးပြုချင်သူများအတွက်လည်း အဆင်ပြေစေပါတယ်။ Warranty အားဖြင့်လည်း 1 yearပေးထားပြီး ဝယ်ယူအသုံးပြုချင်သူများ အနေဖြင့် 289,000Ksဖြင့် Golden Power Technology , Phone: (226664,210943)နှင့် ကွန်ပျူတာဆိုင် အများစုတွင် ရရှိနိုင်ပါပြီ။

Asus New Product , Asus FonePad

Android Smartphone တစ်လုံးရဲ့ Featuresတွေကို အပြည့်အဝခံစားချင်သူများအတွက် Tablet နှင့် Phone တို့၏ ပေါင်းစပ်မှု နည်းပညာသစ်ဖြင့် Asus မှအသစ်ထွက်ရှိထားတဲ့ Asus Fonepad လေးနဲ့ မိတ်ဆက်ချင်ပါတယ်။ Android 4.1 (Jelly bean) နဲ့ 7” size Tablet ကို CPU Intel Atom Z2420 (1.2GHz), memory 1GBအပြင် Storageကိုလည်း 8G(up to MSD 32GB)အထိ တိုးမြင့်လို့ရပါတယ် ။ ဖုန်းလည်းပြောလို့ရပြီး Screen size လည်း 7” ရှိတဲ့အတွက် Game ဆော့တဲ့အခါလည်း အဆင်ပြေစေပါတယ်။

Front Camera 1.2MP ,Rare Camera 3MP နဲ့ wireless ကိုလည်း အမြင့်ဆုံး (b/g /n) အပြင် Bluetooth 3.0 တို့ လည်း ပါဝင်တဲ့အတွက် သုံးစွဲသူတွေကို စိတ်ကြိုက်ဖြစ်စေမှာပါ။ GSM / WCDMA နှစ်မျိုးလုံး နဲ့လည်း အဆင်ပြေပါတယ် ။ Resolution ကိုလည်း (1280 x 800 ) အမြင့်ဆုံး သုံးပေးထားပြီး အသံပိုင်းဆိုင်ရာမှာလည်း ကြည်လင်ပြက်သားမှု ရရှိစေမှာပါ။ Warranty အားဖြင့်လည်း 1 year ပေးထားပါတယ် ။ Gray & Gold Color နှစ်ရောင်ကိုလည်းကြိုက်ရာ ရွေးချယ်နိုင်ပါတယ်။

ဝယ်ယူအသုံးပြုချင်သူများအနေဖြင့် Ks 209,000Ks ဖြင့် Golden Power Technology, Phone: (226664,210943) နှင့် ကွန်ပျူတာဆိုင် အများစုတွင် ရရှိနိုင်ပါပြီ။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

5 thoughts on “Nexus 7 Tabletနဲ့ ASUS Fonepad မြန်မာပြည်မှာ ၀ယ်ယူနိုင်ပြီ

  1. Ye Min Han says:

    ဈေးလေးပြောပါဦးဗျ

    1. Myanmar ICT says:

      ကျွန်တော်တို့ Websiteမှာ အပြည့်အစုံ ဖော်ပြပေးထား ပါတယ်ခင်ဗျာ၊
      ပေးထားတဲ့ Linkကို သွားကြည့်လိုက်ပါ။

  2. New nexus 7 မှမဟုတ်တာ။ရောင်းမကုန်တာအစွံထုတ်အစစနောက်ကျနေတဲ့မြန်မာပြည်ပဲကွ

  3. ထိုင်းမှာတော့ ဘတ်၇၉၉၀ ပေးရတယ်.ပြီးခဲ့တဲ့ပတ်ကpromitionမှာ
    ဘတ် ၆၉၉၀နှင့်ရောင်းပေးတယ်

Leave a Reply

Your email address will not be published. Required fields are marked *