News

Nexus 7 Tablet ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Huawei MediaPad X1 ရဲ့ သတင်းအချက်အလက်များ Mobile World Congress မတိုင်ခင် ထွက်ပေါ်လာ

Nexus 7 Tablet ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Huawei MediaPad X1 ရဲ့ သတင်းအချက်အလက်များဟာ Mobile World Congress မတိုင်ခင်မှာ ထွက်ပေါ်လာပြန်ပါတယ်။ ၇ လက်မအရွယ် Tablet ဖြစ်ပြီး Google ရဲ့ Nexus 7 Tablet ကို ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ တရုတ်ဆက်သွယ်ရေး ကော်မရှင်ရဲ့ ခွင့်ပြုချက် ရရှိပြီးမှ MediaPad X1 ရဲ့ ဓာတ်ပုံများကို တရုတ် Website Weibo ကနေ ထုတ်ဖော်ပြသလိုက်တာ ဖြစ်ပါတယ်။

Huawei MediaPad X1 တွင် 1.6GHz Quad-Core HiSilicon 910 CPU တပ်ဆင်ထားပြီး 2GB RAM နဲ့ Internal Storage16GB ပါရှိပါတယ်။ ၇ လက်မအရွယ် 1920 x 1200 Resolution တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆ (323) ပါရှိပါတယ်။ LTE အသုံးပြုနိုင်မှာဖြစ်ပြီး ဖုန်းကဲ့သို့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 6000mAh Battery တပ်ဆင်ထားပါတယ်။ Huawei MediaPad X1 နဲ့အတူ Samsung ရဲ့ S View လို အချိန်နဲ့ Notification များကို အလွယ်တကူ ကြည့်ရှုနိုင်ပြီး Leather နဲ့ ချုပ်ထားသလို ထင်ရအောင် ပြုလုပ်ထားတဲ့ Cover လေး လည်း ပါရှိပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ တရုတ်ယွမ်ငွေ (1200 ) သိုမဟုတ် စတာလင်ပေါင် (120) ကျသင့်မှာ ဖြစ်ပါတယ်။ Huawei MediaPad X1 ကို နောက်တစ်ပါတ်မှာ ကျင်းပပြုလုပ်မယ့် Mobile World Congress မှာ တွေ့မြင်ရမယ်လို့ မျှော်လင့်ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *