News

Renault ရဲ့ အလိုအလျှောက်မောင်းနှင်မယ့် Next Two Car

Renault က လူမောင်းနှင်စရာမလိုတဲ့ အလိုအလျှောက်မောင်းနှင်ပြီး စမတ်ဆက်သွယ်မှု ပါရှိတဲ့ Next Two ကားကို ပြသလိုက် ပါတယ်။ Next Two ကားဟာ အခုလောလောဆယ်တော့ နမူနာပုံစံသာ ရှိသေးပြီး ၂၀၂၀ မှာ အကောင်အထည်ဖော်နိုင်မယ်လို့ သိရပါတယ်။ လမ်းပိတ်ဆို့နေတဲ့နေရာတွေမှာ ကားက အလိုလိုမောင်းနှင်ပေးမှာဖြစ်ပြီး ပိုင်ရှင်က 4G ဆက်သွယ်မှုကို အသုံးပြုပြီး အလုပ်တွေလုပ်နိုင်မှာဖြစ်ပါတယ်။

ပိုင်ရှင်က စမတ်ဖုန်းကို အသုံးပြုပြီး ကားကိုလာကြိုဖို့ ခိုင်းစေနိုင်ပါတယ်။ သင့်တော်တဲ့ ကားရပ်နားရာနေရာတွေကို ကားက ရှာဖွေရပ်နားနိုင်ပါတယ်။ ဒါပေမယ့် အစပိုင်းမှာ စမတ်ဆက်သွယ်မှု ရှိတဲ့ ကားရပ်နားရာ နေရာများမှာသာ ရပ်နားနိုင်မှာ ဖြစ်ပါတယ်။

Next Two ကား က Sensors, Camera တွေကို အသုံးပြုပြီး ကားကိုမောင်းနှင်မှာဖြစ်ပါတယ်။ ကားရဲ့ Bumper မှာ Sensors များတပ်ဆင်ထားပြီး အနောက်ကြည့်မှန်မှာ ကင်မရာ တပ်ဆင်ထားပါတယ်။ Videoconference ပြုလုပ်နိုင်ပြီး ကားပိတ်ဆို့တဲ့ နေရာများမှာ ကားပေါ်မှာတင် အစည်းအဝေး ပြုလုပ်နိုင်ပါတယ်။ တစ်နာရီကို 18mph နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။ အခုလောလောဆယ်တော့ လမ်းတိုင်းမှာ အလိုအလျှောက်မောင်းနှင်နိုင်ခြင်းမရှိသေးဘဲ Renault က သတ်မှတ်ထားတဲ့ လမ်းမများပေါ်မှာပဲ မောင်းနှင်နိုင်ပါသေးတယ်။ သတ်မှတ်ထားတဲ့လမ်းပေါ်မှာ ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ အလိုအလျှောက် မောင်းနှင်မှာဖြစ်ပါတယ်။

Renault က သူတို့ကားဟာ အခြားကားများနဲ့ မတူဘဲ ဈေးနှုန်းသက်သာမှာဖြစ်ပြီး Google နဲ့ အခြား ကားထုတ်လုပ်သူတွေ အသုံးပြုနေတဲ့ ဈေးနှုန်းကြီးမားတဲ့ LIDAR System ကို အသုံးမပြုဘူးလို့ ပြောပါတယ်။ ကားရဲ့ ထိုင်ခုံကလည်း စမတ်ကျပြီး အလိုအလျှောက်မောင်းနှင်နေတဲ့ အချိန်မှာ သက်တောင့်သက်သာဖြစ်စေမယ့် အနေအထားကို ပြောင်းလဲနိုင်ပါတယ်။

Renault ,Google, Ford အပါအ၀င် ကားထုတ်လုပ်သူတွေဟာ အလိုအလျှောက်မောင်းနှင်တဲ့ကားတွေကို အပြိုင်အဆိုင် တီထွင်နေကြပါတယ်။ ဒါပေမယ့် လောလောဆယ်တော့ ပြည့်စုံ စိတ်ချရတဲ့ကားကို ထုတ်လုပ်နိုင်ခြင်းမရှိသေးတဲ့အတွက် ဘယ်ကားထုတ်လုပ်သူက အရင်ဆုံး ထုတ်လုပ်နိုင်မလဲဆိုတာ စိတ်၀င်စားစရာကောင်းပါတယ်။ စင်ကာပူလို အာရှနိုင်ငံကလည်း အလိုအလျှောက်မောင်းနှင်တဲ့ကား ကို တီထွင်နေပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *