How-to

ကွန်နက်ရှင် ပြဿနာတွေကို အဖြေရှာပေးမယ့် Chrome Connectivity Diagnostics

Chrome ဒါမှမဟုတ် အခြား ဘရောက်စာတွေမှာ အင်တာနက် အသုံးပြုလို့မရရင် ကွန်နက်ရှင်ပြဿနာတွေကို အဖြေရှာပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ဖြစ်နိုင်တဲ့ ပြဿနာတွေက Firewall Settings, Security Software, Internet Service Provider နဲ့ ၀က်ဆိုက်ရဲ့ ဆာဗာ တွေကြောင့်ဖြစ်နိုင်ပါတယ်။

Operating System တော်တော်များများမှာ ဒီပြဿနာတွေကို အဖြေရှာပေးနိုင်တဲ့ Tools တွေပါရှိပါတယ်။ Tracert, Ping, Netstat စတဲ့ App တွေကလည်း စမ်းသပ်စစ်ဆေးပေးနိုင်ပါတယ်။

Google ကလည်း အဲဒီပြဿနာတွေကို အဖြေရှာပေးနိုင်တဲ့ Tool တစ်ခုကို ပြုလုပ်ပေးလိုက်ပါတယ်။ Chrome Connectivity Diagnostics လို့ ခေါ်ပြီး Chrome Browser မှာ အင်စတော လုပ်ပြီး အသုံးပြုရမှာဖြစ်ပါတယ်။

အဲဒီ Tool က အောက်မှာ ဖော်ပြထားတဲ့ ပြဿနာတွေကို စစ်ဆေးပေးမှာဖြစ်ပါတယ်။

• Internet connection available
• DNS server available
• Internet traffic not blocked by captive portal (DNS)
• Internet traffic not blocked by captive portal (HTTP)
• Internet traffic not blocked by firewall on port 80
• Internet traffic not blocked by firewall on port 443
• No delay in DNS resolution
• No delays in receiving responses from Google websites

Ashampoo_Snap_03

Tool ကို Chrome Browser မှာ အင်စတောလုပ်ပြီးရင် Launch လုပ်ပါ။ App Launcher ကနေလည်း အသုံးပြုနိုင်ပါတယ်။ ဒါဆိုရင် Tool က ပြဿနာတွေကို စစ်ဆေး အဖြေရှာပေးပါလိမ့်မယ်။

စမ်းသပ်ချက်အားလုံးကို ကြည့်နိုင်ဖို့အတွက် Gear Icon ကိုနှိပ်ပြီး “Show passing tests” ကိုနှိပ်ပါ။ စမ်းသပ်ချက်တစ်ခုရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို ကြည့်နိုင်ပါတယ်။ အစိမ်းရောင်အိုင်ကွန်က ပြဿနာမရှိတာကို ပြသတာဖြစ်ပြီး အနီရောင်အိုင်ကွန်ကတော့ ပြဿနာရှိနေတာကို ပြသတာဖြစ်ပါတယ်။

Chrome Connectivity Diagnostics ကို အင်စတောလုပ်ဖို့ Google Account နဲ့ Sign In ၀င်ရမှာဖြစ်ပါတယ်။ Chrome Connectivity Diagnostics ကိုအောက်ကလင့်ကနေ အင်စတော လုပ်နိုင်ပါတယ်။

https://chrome.google.com/webstore/detail/chrome-connectivity-diagn/eemlkeanncmjljgehlbplemhmdmalhdc/details

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *