News

ဆက်သွယ်ရေး တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများ ဝန်ကြီးဌာနနှင့် ပူးတွဲသတင်းစာ ရှင်းလင်း

Telenor and Ooredoo

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် တင်ဒါ အောင်မြင်သည့် Telenor Mobile Communicationsနှင့် Ooredoo ကုမ္ပဏီများ၏ ပူးတွဲ သတင်းစာရှင်းလင်းပွဲကို ဇူလိုင်လ ၁၀ရက်နေ့ ညနေ ၅နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်ဟု သိရသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးသောင်းတင်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြား၍ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီနှစ်ခုမှ တာဝန်ရှိသူများက မြန်မာနိုင်ငံ၏ ICTကဏ္႑နှင့် ဆက်သွယ်ရေး နည်းပညာကဏ္႑တို့တွင် ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီး လုပ်ကိုင် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြကြပြီး သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် ပြည်တွင်း ပြည်ပ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည် ရှင်းလင်း ပြောကြားကာ အခမ်းအနားကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းသန်းနှင့် ဦးသောင်းတင်၊ Telenor Mobile Communicationမှ Communication Director Mr. G Lenn Mandelidနှင့် Ooredooမှ Chief Executive Officer Mr. Ross Cormack၊ ပြည်တွင်း၊ ပြည်ပ သတင်းထောက်များ တက်ရောက်ကြသည်ဟု သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *