News

Yangon ICT Fair (Computer & Mobile August 2013) ပြပွဲအတွက် ပြခန်းများ မဲနှိုက်မည်ဖြစ်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျုတာပညာရှင် အသင်းတို့မှ ပူးပေါင်းကျင်းပသည့် Yangon ICT Fair (Computer & Mobile August 2013) ပြပွဲအား၂၀၁၃ခုနှစ်၊ သြဂုတ်လ (၂)ရက်နေ့မှ (၄)ရက်နေ့အထိ ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မ တော်ခန်းမတွင် ပြူလုပ်ကျင်းပမည်ဖြစ်ရာ အဆိုပါ ပြပွဲအတွက် ပြခန်းမဲနှိုက်သည့် အခမ်းအနားအား (၁၃.၇.၂၀၁၃) စနေနေ့ နံနက် (၁၀)နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ Asia Plaza Hotel ဒုတိယ ထပ်ရှိ Diamond Hallတွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရပါသည်။

ပြခန်းများ မဲနှိုက်သည့် အချိန် တွင် ပြခန်း၏ တန်ဖိုးငွေအား အပြီးပေးချေ ရမည်ဖြစ်ရာ ငွေအပြည့်ပေးချေနိုင်ခြင်း မရှိသောကုမ္ပဏီ များအနေဖြင့် ငွေအပြည့် ပေးချေနိုင်သည့်အခါမှ သာလျှင်ကျန်ရှိသော အခန်းများအား ငှားရမ်းခွင့် ရရှိမည် ဖြစ်ကြောင်း သိရပါသည်။ အထက်ပါပြခန်းများ မဲနှိုက်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်း ပြပွဲကျင်းပရေး ကော်မတီ ဖုန်း ၀၉-၄၂၅-၀၂၂-၉၇၆ သို ့ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *