How-to

Windows 8.1ရဲ့ Features အသစ်များ

Windows 8.1 ရဲ့Features အသစ်တွေထဲက ကောင်းမွန်တဲ့ Features တစ်ချို့ကို ရေးသားပေးလိုက်ပါတယ်။

The Start Button
Windows 8 မှာ Start Button မပါတော့တဲ့အတွက် လူပြောအများဆုံး အရာတစ်ခုဖြစ်ခဲ့ပါတယ်။ Windows 8.1 မှာတော့ Start Button ပြန်လည်ပါရှိလာပါတယ်။
Start Button ပေါ်မှာ Right Click နှိပ်ပြီး ဒါမှမဟုတ် Win+X ကိုနှိပ်ပြီး Shut down ပြုလုပ်လို့ရ လာပါတယ်။

Boot To Desktop
Windows 8 မှာ Boot တက်ရင် Metro Start Screen ကို တန်းရောက်သွားပါတယ်။ Windows 8.1 မှာတော့ Desktop ကို တန်းရောက်အောင်ရွေးချယ်နိုင်ပါတယ်။ Taskbar Properties ထဲမှာဝင်ရောက်ရွေးချယ်နိုင်ပါတယ်။

Disable Charms Bar
Charms Bar ကို အသုံးမပြုချင်ရင် Disable လုပ်လို့ရလာပါတယ်။Taskbar Properties ထဲမှာဝင်ရောက်ရွေးချယ်နိုင်ပါတယ်။


Better Organization and Customization on the Start Screen

Start Screen က Tiles တွေကို Organize And Customization လုပ်ဖို့Features တွေပို မိုပါဝင်လာပါတယ်။Tiles Size ကို အသေးနဲ့အကြီး နှစ်မျိုး ရွေးချယ်အသုံးပြုလို့ရလာပါတယ်။Tiles တွေကို Multiple Select လုပ်ပြီး Group အနေနဲ့ပြုလုပ်နိုင်ပါတယ်။Desktop Wallpaper ကို Start Screen ရဲ့ Background အဖြစ်အသုံးပြုလို့ရလာပါတယ်။

Lock Screen
Lock Screen မှာလည်း Photo Slideshow တွေကို သုံးနိုင်ပါတယ်။ပုံတွေကိုတော့ သင့်စက်ထဲ ဒါမှမဟုတ် SkyDrive ကပုံတွေ သုံးနိုင်ပါတယ်။Lock Screen မှာ Login ဝင်စရာမလို ဘဲ Camera App ကို သုံးနိုင်သလို Skype Call တွေကိုလည်း Answer လုပ်နိုင်ပါတယ်။

More Powerful Multitasking
Metro Apps တွေအများအပြားဖွင့်ပြီး Multi-Tasking လုပ်တဲ့အခါမှာ Applications တွေ ရဲ့ Windows တွေကို Resize လုပ်လို့ရနိုင်တဲ့ Improvement တွေ ပါရှိလာပါတယ်။

Save direct to SkyDrive
SkyDrive Integration ပါရှိလာပြီးဖိုင်တွေကို SkyDrive ကို သိမ်းလို့ရလာပါတယ်။

A New Internet E×plorer
Internet E×plorer 11 ပါရှိလာပြီး Open Tabs တွေကို တစ်ခြား Windows 8.1 Devices တွေနဲ့ Sync လုပ်လို့ရလာပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *