ဒီဝက်ဘ်ဆိုက်ကတော့ မိမိရဲ့ကွန်ပျူတာမှာ ထည့်သွင်းဖို့ရာ လိုအပ်တဲ့ Software Driver တွေကို အလိုအလျောက် ရှာဖွေ ဆွဲယူပေးမယ့် ဝက်ဘ် ဆိုက် ပါ။ Driver Identifier ဆော့ဖ်ဝဲကို ဒေါင်းလုပ်ဆွဲယူကာ Run လိုက်ရုံနဲ့ လိုအပ်နေတဲ့ Driverတွေ စာရင်းကို ဝက်ဘ် စာမျက်နှာမှာ ပြသကာ အလိုအလျောက် ဒေါင်းလုပ် ဆွဲယူ ပေးပါ လိမ့်မယ်။ Windows 7, Vista, XPစတဲ့ OSတွေ အတွက် Driver အမျိုးအစားပေါင်း ၂၇သန်း ကျော် Support လုပ်ပေးထားပြီး 32 Bitsနဲ့ 64 Bits နှစ်မျိုး စလုံးမှာ အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကွန်ပျူတာမှာ လိုအပ်တဲ့ နောက်ဆုံးပေါ် ဘယ် Driver အမျိုးအစား၊ ဘယ်ဗားရှင်းကိုမဆို ၅မိနစ်အတွင်း ရှာဖွေကာ ထည့်သွင်း ပေးနိုင်မှာ ဖြစ်လို့ အခိျန်ကုန် ငွေကုန် သက်သာ စေမယ့် နည်းလမ်း တစ်ခုပါပဲ။
http://www.driveridentifier.com