Apps

Loki Network Client

network

အရွယ်အစား – 3.90 MB
၀က်ဘ်ဆိုက် – http://www.projectloki.com
တွဲသုံးနိုင်သည့်စနစ် – Win 98/ME/NT/2K/XP/2K3/Vista

IP လိပ်စာ၊ အီးမေးလ်၊ ၀က်ဘ်ဆိုက်နဲ့ ဖိုင်တွေကို ကာကွယ်ပေးထားနိုင်တဲ့ ဆော့ဖ်၀ဲ ဖြစ်ပါတယ်။ LAN ကွန်ပျူတာကွန်ရက်အတွင်း ရှာရှာဖွေဖွေ လုပ်တတ်တဲ့သူတွေရဲ့ဘေးရန်က ကာကွယ်ပေးနိုင်မှာ ဖြစ်သလို အွန်လိုင်း ချိတ်ဆက်ပြီး ဒေတာတွေနိုင်ငံဖြတ်ကျော် သုံးစွဲတဲ့အခါမှာလည်း လုံလုံခြုံခြုံနဲ့ အချက်အလက်တွေ ကျိုးပေါက်မှုမရှိစေဘဲ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒီဆော့ဖ်၀ဲနဲ့ တွဲဖက်လုပ်ဆောင်တဲ့ Loki Network serverသာ တိုက်ရိုက် အပိတ်မခံထားရရင် တစ်နေရာရာကနေ ကန့်သတ်ခံထားရတဲ့ ဘယ်၀က်ဘ် ဆိုက် မျိုးကိုမဆို ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ ဆော့ဖ်၀ဲရေးသားသူက ဆိုပါ တယ်။ လုံခြုံတဲ့ ဆက်သွယ်မှု နည်းပညာဖြစ်တဲ့ SSLကို သုံးထားတဲ့ အတွက်ကြောင့် သင့်ကွန်ပျူတာရဲ့ တည်နေရာ (IP Address)ကို သိရှိစေမှာ မဟုတ်ပါဘူး။

author-avatar

About APT

အမည်ရင်းမှာ အောင်ဖြိုးထွန်းဖြစ်ပြီး Soft Guide, Web Guideများ ရေးသားလျက်ရှိပါသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာ ပြုမည့် သတင်း အချက်အလက်များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *