News

ကမ္ဘာ့ အ၀ဆုံး အမျိုးသား အသက် ၄၈ နှစ်အရွယ်တွင် ကွယ်လွန်

ကမ္ဘာ့ အ၀ဆုံး အမျိုးသား အသက် ၄၈ နှစ်အရွယ်တွင် ကွယ်လွန်

ကမ္ဘာ့အ၀ဆုံးအဖြစ် မှတ်တမ်း၀င်ခဲ့ဖူးတဲ့ မက္ကဆီကိုအမျိုးသားဟာ အသက် ၄၈ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ Manuel Uribeဟာ ၂၀၀၆ ခုနှစ်မှာ ကိုယ်အလေးချိန်ပေါင် ၁၂၃၀နဲ့ ဂင်းနစ်ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကိုယ်အလေးချိန် ၈၆၇ ပေါင်အထိ လျှော့ချနိုင်ခဲ့ပါတယ်။

Uribeရဲ့ သေဆုံးမှုကို Nuevo Leonပြည်နယ် Monterreyမြို့ ကျန်းမာရေးဌာနမှ တရား၀င် အတည်ပြုပေးခဲ့ပါတယ်။

Uribeဟာ လမ်းမလျှောက်နိုင်ဘဲ Monterrey မြို့ရှိ အိပ်ယာထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ရတာဖြစ်ပါတယ်။

သူ့ကို မေလနှစ်ရက်မှာ နှလုံးရောဂါဖောက်တဲ့အတွက် ဆေးရုံကို ကရိန်းနဲ့ အရေးပေါ် သယ်ဆောင်သွားခဲ့ရပါတယ်လို့ ကျန်းမာရေးဌာနမှ တာ၀န်ရှိသူတစ်ယောက်က ပြောပါတယ်။

ဆရာ၀န်များက သေဆုံးရခြင်း အကြောင်းရင်းကို အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ နှလုံးရောဂါအပြင် သူဟာ အသည်းရောဂါများကိုပါ ခံစားနေရတယ်လို့ ယုံကြည်နေကြပါတယ်။

သူဟာ Claudia Solisလို့ အမည်ရတဲ့ အမျိုးသမီးကို ၂၀၀၈ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး အိမ်ထဲက အိမ်ပြင်အနည်းငယ်သာ ထွက်ခဲ့ဖူးတဲ့ အကြိမ်ထဲမှာ လက်ထပ်ပွဲပါခဲ့ပါတယ်။

သူဟာ နှစ်အတော်ကြာ အစားလျှော့စားခြင်း၊ လေ့ကျင်းခန်းပြုလုပ်ခြင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအောက်မှာ ကိုယ်အလေးချိန်ပေါင် ၅၅၀ လျှော့ချနိုင်ခဲ့ပြီး လက်ထပ်ပွဲကိုဆင်နွှဲနိုင်ခဲ့ပါတယ်။

သူဟာ မင်္ဂလာခမ်းမမှာ လမ်းလျှောက်ဖို့ မျှော်လင့်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူ့ကို အိပ်ယာနဲ့ တကွ ထရပ်ကားနဲ့ သယ်ဆောင်ပြီး မင်္ဂလာပွဲကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

သူဟာ မင်္ဂလာပွဲမှာ ငိုကျွေးခဲ့ပြီး အဲဒီအချိန်က ၃၈ နှစ်အရွယ် သတို့သမီးကို ဖက်ပြီး ကခဲ့ပါသေးတယ်။ ဒါပေမယ့် မင်္ဂလာကိတ်မုန့်တော့ မခွဲနိုင်ခဲ့ပါဘူး။

သူဟာ အစားလျှော့စားတဲ့ စည်းကမ်းကို မဖောက်ဖျက်ခဲ့ပါဘူးလို့ သူ့အမေက ပြောပါတယ်။

ကျွန်တော် မိန်းမနဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘ၀ကို ထူထောင်မယ်လို့ သူက မင်္ဂလာပွဲမတိုင်မီမှာ သတင်းထောက်များကို ပြောကြားခဲ့ပါသေးတယ်။ သူ့ရဲ့ မင်္ဂလာပွဲကို ဧည့်သည် လေးရာ တက်ရောက်ခဲ့ပါတယ်။

သူဟာနောက်ပိုင်းမှာ ကိုယ်အလေးချိန် အလွန်အမင်းတက်လာတဲ့အတွက် အိမ်ထောင်ရေးမှာ အခက်အခဲတွေတွေ့လာရပါတယ်။

အမျိုးသမီးက သူ့ကို ကွာရှင်းခွင့်တောင်းခဲ့ပြီး ကျွန်တော်စိတ်ဓါတ်အရမ်းကျခဲ့ပါတယ်လို့ သူက ပြောပါတယ်။

သူဟာ လူပျို မဖြစ်ခင်မှာတောင် ကိုယ်အလေးချိန် ပေါင် ၂၅၀ ရှိခဲ့တာဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်ကစပြီး ကိုယ်အလေးချိန်ဟာ အလွန်တက်လာခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်မှာ ကိုယ်အလေးချိန် အလွန်အမင်းတက်လာတဲ့ ပြဿနာကြီးကို ရင်ဆိုင်နေရပါတယ်။ အစားလျှော့စားတော့လည်း ဝိတ်တက်နေတုန်းပါပဲ။ အခြား မက္ကဆီကိုလူမျိုးတွေစားတဲ့ အစားအစာများကိုပဲ ကျွန်တော်စားသုံးပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန်က တိုးမြဲတိုးနေတာပါ။” လို့ ၂၀၀၇ ခုနှစ်မှာ ABC Newsကို ပြောကြားခဲ့ပါတယ်။

သူဟာ လက်နှိပ်စက်၊ အီလက်ထရောနစ် ဂဏန်းပေါင်းစက်နဲ့ ကွန်ပြူတာများကို ပြုပြင်သူဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်ကစပြီး သူဟာ အိပ်ယာထဲမှာပဲနေခဲ့ရပြီး အစားအစာနဲ့ သန့်ရှင်းရေးအတွက် သူ့အမေနဲ့ သူငယ်ချင်းများက တာ၀န်ယူပြုစုပေးခဲ့တာဖြစ်ပါတယ်။

1

2

3

4

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *