News

မြန်မာ့စတော့အိတ်ချိန်း တည်ထောင်ရန် လုပ်ငန်းပညာရှင်များ လမ်းပြမြေပုံသတ်မှတ်ပေး

2013 ခုနှစ်ဒီဇင်ဘာအကုန်တွင် မြန်မာစတော့အိတ်ချိန်း အဆောက်အအုံကို အပြီးပြင်ဆင်ရန်နှင့် စတော့အိတ်ချိန်းကုမ္ပဏီများကို အပြီးတည်ထောင်ရန် အဆိုပါဈေးကွက် ပေါ်ပေါက်လာစေရေး အကူအညီပေးလျက် ရှိသော ဂျပန်ပညာရှင်များက လမ်းပြမြေပုံသတ်မှတ်ပေးထားကြောင်းသိရသည်။

၄င်းပညာရှင်များ သတ်မှတ်ပေးထားသည့်လမ်းပြမြေပုံတွင် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်း၀ယ်ရေး ဥပဒေရေးဆွဲရန်၊ နည်းဥပဒေများချမှတ်ရန်၊ စတော့အိတ်ချိန်းကော်မရှင်ဖွဲ့စည်းရန်၊ စတော့အိတ်ချိန်း ကုမ္ပဏီများထူထောင်ရန်၊ စတော့အိတ်ချိန်းအဆောက်အအုံကို အပြီးသတ်ပြင်ဆင်ရန်တို့ပါ၀င်သည်။

အဆိုပါလမ်းပြမြေပုံအရ သက်ဆိုင်ရာတာ၀န်ရှိသူများအနေနှင့် စတော့အိတ်ချိန်းဆိုင်ရာနည်းဥပဒေနှင့်စည်းမျဉ်းများကို နို၀င်ဘာတွင်အပြီးပြဌာန်းရမည်ဖြစ်ပြီး ကော်မရှင်ကိုလည်း နို၀င်ဘာတွင်အပြီးဖွဲ့စည်းရမည်ဖြစ်သည်။

စတော့အိတ်ချိန်းကုမ္ပဏီများ ထူထောင်ရန်နှင့် စတော့အိတ်ချိန်းအဆောက်အအုံကို အပြီးသတ်ပြင်ဆင်ရန် ဒီဇင်ဘာတွင် အပြီးပြုလုပ်ရမည်ဟု လမ်းပြမြေပုံတွင် သတ်မှတ်ပေးထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၅ခုနှစ်အမီ စတော့အိတ်ချိန်း ဈေးကွက်ပေါ်ပေါက်ရမည်ဟု သတ်မှတ်အကောင်အထည်ဖော်လျက်ရှိသော်လည်း ငွေချေးသက်သေခံလက်မှတ် များလဲလှယ်ရောင်၀ယ်ရေးဥပဒေ Securities Exchange Law ပေါ်ထွက်မှုမှာ နောက်ကျနေသဖြင့် လုပ်ငန်းအစီအစဉ်များလည်း နောက်ကျလျက်ရှိကြောင်း သိရသည်။

ထွက်ပေါ်လာသော SE Law တွင်စတော့အိတ်ချိန်းဈေးကွက်၀င်ကုမ္ပဏီများအနေနှင့် မှားယွင်းသော၊ မပြည့်စုံသော၊ အချိန်မကျသေးသော (သို့မဟုတ်) နားလည်မှုလွဲမှားစေနိုင်သော သတင်းထုတ်ဖေါ် ပြောကြားမှုများကို ပြုလုပ်ပါက ရာဇ၀တ်ကြောင်းနှင့် တရားမကြောင်းအရ တရားစွဲဆိုနိုင်သည့်အပြင် အုပ်ချုပ်မှု အဖွဲ့မှပြစ်ဒဏ်ပေးခြင်း၊ စတော့အိတ်ချိန်းမှ ပိတ်ပင်ခြင်း(စတော့အိတ်ချိန်းစာရင်း၀င်ကုမ္ပဏီအဖြစ်မှထုတ်ပယ်ခြင်း) တို့ကိုပြုလုပ်နိုင်သည်ဟု စတော့အိတ်ချိန်း ပေါ်ပေါက်ရေးအတွက် နည်းပညာအကူအညီပေးနေသော ဂျပန်ဥပဒေ ပညာရှင်တစ်ဦးကဆိုသည်။

အဆိုပါ SE Law တွင်မြန်မာနိုင်ငံစတော့အိတ်ချိန်းဈေးကွက်သို့ နိုင်ငံခြားကုမ္ပဏီများ၀င်ရောက်မှုနှင့် ပတ်သက်၍ ဖေါ်ပြမထားကြောင်းသိရသည်။မြန်မာနိုင်ငံတွင်စတော့အိတ်ချိန်းဈေးကွက်ဖေါ်ဆောင်ရာ၌ ကျွမ်းကျင်၀န်ထမ်းရှားပါးသည့် ပြဿနာများနှင့်လည်း ရင်ဆိုင်နေရကြောင်းသိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “မြန်မာ့စတော့အိတ်ချိန်း တည်ထောင်ရန် လုပ်ငန်းပညာရှင်များ လမ်းပြမြေပုံသတ်မှတ်ပေး

  1. Soe Waiyan says:

    Road Map /Man Map /ManDate = BuDDH’a said 1kaya kan2Wszekan3Manawkan

Leave a Reply

Your email address will not be published. Required fields are marked *