News

Myanmar- Korea IT Training Center ၌ ကိုရီးယား IT ပညာရှင်များလာရောက်သင်ကြားမည်

Korea Aerospace University မှ ဘွဲ့ရ IT ပညာရှင်များ နှင့် မြန်မာဆရာများပူးပေါင်း ၍ Database Management System နှင့် Mobile Android Application Development Course, သင်တန်းများကို် ယခုလအတွင်း Myanmar- Korea IT Training Center ဖွင့်လှစ်မည် ဖြစ်သည်။

အဆိုပါသင်တန်းသို့ Programming concept ရှိသူများ၊ Database Knowledge နှင့် Java Programming အခြေခံ တတ်မြောက်ထားပြီး လုပ်ငန်းခွင် ၀င်လိုသူများ၊ လက်တွေ့ပိုင်း ကို ကျွမ်းကျင်စွာ တတ်မြောက် လိုသူများ၊ ITလုပ်ငန်းခွင်တွင်လက်တေ့ွလုပ်ကိုင်နေပြီး အဆင့်မြင့်နည်းပညာများကို ဆက်လက် လေ့လာ လိုသူများ တက်ရောက်နိုင်သည်ဟုဆိုသည်။

Mobile Android Application Development Courseကို စက်တင်ဘာလ၊ ( ၉) ရက် မှ အောက်တိုဘာ (၄) ရက်အထိ (တနင်္လာမှ သောကြာ) နေ့လည် ၁ နာရီခွဲ မှ ၄ နာရီ ခွဲအထိ ၄ ပတ်ကြာသင်ကြားမည်ဖြစ်ပြီး Database Management System Courseကိုလည်း ယခုလ( ၉) ရက် မှ အောက်တိုဘာ (၄) ရက် အထိ(တနင်္လာမှ သောကြာ) ညနေ ၄နာရီခွဲ မှ ၇ နာရီ ခွဲအထိ ၄ ပတ်ကြာသင်ကြားမည်ဖြစ်သည်။ နည်းပညာပြန့်ပွားရေး အစီအစဉ်အရ သင်တန်းကြေးများ ကိုလည်း လျော့ချပေးထားမည်ဖြစ်ပြီးMCPA, MCIA အသင်း၀င် Company များမှ ၀န်ထမ်းများနှင့် အသင်း၀င် Memberများကိုမူ 20%သင်တန်းကြေးလျှော့ လက်ခံမည်ဟုသတင်းထုတ်ပြန်ထားသည်။

သင်တန်းသား ဦးရေ ကန့်သတ်ထားပြီး စာရင်းပေးသွင်းလိုပါက အဆောင် (၁) MICT Park, တက္ကသိုလ်များလှိုင်နယ်မြေ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ၊ ဖုန်း ၀၁- ၆၅၂၃၀၇, ၀၉ ၇၃၂၅ ၇၃၇၇ သို့ ဆက်သွယ်စာရင်း ပေးသွင်းနိုင်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *