News

မြန်မာ့ ပညာရေး မြှင့်တင်ရေး အဖွဲ့ အမြန်ဆုံး ဖွဲ့စည်းမည်

မြန်မာနိုင်ငံ ပညာရေး ကဏ္ဍတွင် ပြုပြင်ရမည့် အချက်များစွာ ရှိနေသည့် အတွက် ပညာရှင်များ၏ အကြံဉာဏ်များကို စုစည်းကာ ချက်ချင်း ဆောင်ရွက်ရမည့် လုပ်ငန်းနှင့် ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းဟူ၍ Action Planများ ရေးဆွဲရန်အတွက် မြန်မာ့ပညာရေး မြှင့်တင်ရေး အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းပြီး အမြန်ဆုံး အကောင်အထည်ဖေါ်သွားမည် ဖြစ်သည်ဟု အောက်တိုဘာ ၇ရက် နံနက်က နေပြည်တော်၌ ကျင်းပသော လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်ဟု သိရသည်။

အခမ်းအနားတွင် နိုင်ငံတော် သမ္မတက “မိမိတို့၏ ပညာရေး ကဏ္ဍသည် ကောင်းမွန်သော အချက်များ ရှိသကဲ့သို့ အားနည်းချက်များ၊ ချွတ်ယွင်းချက်များ၊ ပြုပြင်ရမည့် အချက်များစွာ ရှိနေကြောင်း၊ မူကောင်းပြီး လူလည်း ကောင်းအောင် ပြုပြင်ရမည် ဖြစ်ကြောင်း၊ ပညာရေးတွင် အတွေ့အကြုံရှိသည့် ပညာရှင်များ၏ နိုင်ငံဖွံ့ဖြိုးရေးအတွက် ပညာရေး အခန်းကဏ္ဍကို လက်ရှိ အခြေအနေထက် ပိုကောင်းအောင် ဖေါ်ဆောင်နိုင်မည့် အကြံဉာဏ်များကို ယခု လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် ဖိတ်ခေါ်ဆွေးနွေးရခြင်း ဖြစ်သည်”ဟု ပြောကြားခဲ့သည်။

ပညာရှင်ကြီးများအနေဖြင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် မိမိတို့၏ အတွေ့အကြုံများအား အခြေခံသည့် အမြင်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြရန်နှင့် ပညာရေးသည် နိုင်ငံသားအားလုံး၏ လက်ရှိနှင့် အနာဂတ် အရေး ဖြစ်သည့်အတွက် ယခု ဆွေးနွေးပွဲမှ ရရှိလာသော ရလာဒ်ကောင်းများကို အလေးအနက်ထားပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရန် နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်ဟု သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *