News

Edexcel၏ BTEC Higher National Diploma (HND) မှ တစ်ဆင့် နိုင်ငံတကာ တက္ကသိုလ်များ သို့ ဆက်လက် တက်ရောက် နိုင်မည့် အစီအစဉ် မိတ်ဆက်ပွဲ

မြန်မာ ကျောင်းသားများ မိမိ ဝါသနာပါရာ ပညာရပ်များကို အရည်အသွေး ပြည့်ဝစွာ သင်ယူ နိုင်ရန်အတွက် Edexcelရဲ့ BTEC (Business and Technology Education Council) ပညာရေး အခွင့်အလမ်းများ မိတ်ဆက် ရှင်းလင်းပွဲကို ၂၀၁၃ခုနှစ် ဇွန်လ ၂၉ရက်နေ့တွင် ရန်ကုန်မြို့ Traders Hotel ၌ ကျင်းပ ပြုလုပ် သွားပါတယ်။ အဆိုပါ ပွဲကို Myanmar Noble Collegeမှ စီစဉ် ကျင်းပခြင်း ဖြစ်ပါတယ်။

အဆိုပါ အခမ်းအနားသို့ Pearson Co., Ltd မှ ဒေသဆိုင်ရာ စီးပွားရေးမန်နေဂျာ Ms. Boon Teen နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ Myanmar Noble College မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သီသီ အပါအဝင် တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် စိတ်ပါဝင်စားသူ မိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက် ခဲ့ပါတယ်။

ပထမဦးစွာ ကျောင်းအုပ် ဆရာမကြီး ဒေါ်သီသီမှ မိတ်ဆက် အမှာစကား ပြောကြားခဲ့ပြီး ဆက်လက်၍ Edexcelမှ Ms. Boon Teenက ယခု မိတ်ဆက်သည့် Edexcel သည် UK နိုင်ငံ၏ အဆင့်မြင့် ပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ပေးစွမ်းနိုင်သော နိုင်ငံတကာ ပညာရေး အဖွဲ့အစည်းကြီး ဖြစ်သည့်အပြင် Pearson ကုမ္ပဏီ၏ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်လို ့
ပြောကြားခဲ့ပါတယ်။

၎င်းမှ ဆက်လက်၍ BTEC ပညာရေးအဖွဲ့သည် ကျောင်းသာကျောင်းသူများ အတွက် အလုပ်အကိုင်နှင့် ပက်သက်သော ကျွမ်းကျင်မှုရရှိစေရန် IGCSE၊ GCSE၊ GCEO Level များနှင့် Level-2၊ Level-3 သင်တန်းများအပြင် နိုင်ငံတကာ အသိအမှတ်ပြု Diploma သင်တန်းများကို ဖွင့်လှစ် သင်ကြား ပေးလျှက် ရှိပါတယ်။ ကျောင်းသားများ အနေနှင့် တကယ် လုပ်ငန်းခွင်နှင့် ပက်သက်သော Case Studies များ၊ ပြီးပြည့်စုံသော Projectများ၊ အကဲဖြတ်မှုများကို
လေ့လာကြရမည် ဖြစ်ပါတယ်။ ကျောင်းသားများကို လုပ်ငန်းကျွမ်းကျင်မှုကို အခြေခံထားသော သင်တန်း အမျိုးအစားပေါင်း ၁၀၀ကျော်ကို သင်ကြားပေးလျှက်ရှိပါတယ်။

အသေးစိတ်အချက်အလက်များကို Myanmar Noble College၊ ဖုန်းနံပါတ် ၀၁-၂၂၀၄၇၆၊ ၀၉-၇၃၁၆၃၉၇၅ သို့ စုံစမ်းမေးမြန်းနိုင်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *