News

ပါကစ္စတန် ကုန်စည်ပြပွဲသို့ မြန်မာလုပ်ငန်းရှင်များ တက်ရောက်နိုင်

ပါကစ္စတန်နိုင်ငံတွင် ပြုလုပ်မည့် ကုန်စည်ပြပွဲသို့ မြန်မာလုပ်ငန်းရှင်များ တက်ရောက်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ သိရသည်။

အဆိုပါ ပြပွဲသို့ တက်ရောက်နိုင်ရန်အတွက် မြန်မာနိုင်ငံအပြင် အခြားအိမ်နီးချင်းနိုင်ငံများကိုလည်း ဖိတ်ကြားထားပြီး ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် (၈)ကြိမ်မြောက် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ပြပွဲနှင့်အတူ တက်ရောက်လာသည့် နိုင်ငံများမှ လုပ်ငန်းရှင်များ အချင်းချင်း တွေ့ဆုံ၍ ပို့ကုန်သွင်းကုန်ဆိုင်ရာများကိုလည်း ဆွေးနွေးနိုင်ရန်အတွက် Business Matching အစီအစဉ်ကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။

ပြပွဲကို ၂၀၁၃ခုနှစ် စက်တင်ဘာလ ၁၆ရက်မှ ၂၉ရက်နေ့အထိ ၁၄ရက် ပြုလုပ်မည်ဖြစ်ပြီး ကဏ္ဍစုံမှ လုပ်ငန်းရှင်များ တက်ရောက်နိုင်ကြောင်း၊ တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏ နေထိုင်မှုဆိုင်ရာ ကိစ္စများကို ပါကစ္စတန် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *