Mobile

Intel ရဲ့ Sandy Bridge Processor သုံးတဲ့ msi CR460 Notebook

Intel ကနေ မြန်နှုန်းမြင့်တဲ့ Processor အမြောက်အမြားကို ထုတ်လုပ် တယ်ဆိုတာ အားလုံးသိပြီးဖြစ်နေပါလိမ့်မယ်။ အဲဒီထဲမှာ ပါတာက Sandy Bridge လို့ခေါ်တဲ့ second-generation CPU တွေပါ။ ပြောရရင် Core တွေ ကိုပဲ second-generation ဆိုပြီး ပြန်လည်စွမ်းအားမြှင့်ပြီး ထုတ်လုပ်တဲ့ သဘောပါပဲ။ ဒီလိုမျိုး Intel ရဲ့ Sandy Bridge Processor ကို သုံးထားတဲ့ Notebook ကတော့ MSI CR460 ဖြစ်ပါတယ်။ ကွန်ပျူတာတစ်လုံးမှာ Graphic နဲ့ Memory နည်းတူ အကောင်းဆုံး ဖြစ်နေရမှာက Processor ပဲဖြစ်ပါတယ်။ ဒါကိုသိတဲ့ MSI က သူ့ရဲ့ CR460 Notebook မှာ Intel Sandy Bridge B960 2.2 GHz ကို ထည့်သွင်းပေးထားပါတယ်။

ဒီလိုမျိုး Processor ကောင်းကောင်းသုံးရခြင်းရဲ့ ရလဒ်ကတော့ Game တွေကို အထစ်အငေါ့မရှိ ကစားနိုင်မှာ ဖြစ်ပြီး၊ Notebook အတွင်း အလုပ်ပေါင်းများစွာကို တပြိုင်နက် တည်း ပိုမိုလုပ်နိုင်မှာဖြစ်ပါတယ်။ Graphic ပိုင်းကိုတော့ msi ကနေ onboard ကိုပဲ အသုံးပြုပေးထားပြီး Memory ပိုင်းကိုတော့ DDR3 2GB ထည့်သွင်းပေးထား တဲ့အပြင် ထပ်တိုးမယ်ဆိုရင်လည်း 4GB အထိ တိုးမြှင့်ခွင့်ပေးထားပါတယ်။ သိုမှီး ပမာဏကိုတော့ ပုံမှန်အခြေအနေအတိုင်း 500GB (5400rpm) ကို တပ်ဆင်ပေးပြီး Optical Drive ကိုတော့ DVD Writer ထည့်သွင်းပေးထား ပါတယ်။ မျက်နှာပြင်အကျယ်ကိုကြည့်မယ်ဆိုရင် ၁၄ လက်မရှိပြီး LED backlight နည်းပညာ အသုံးပြုထားတဲ့အတွက် မျက်စိကို အထူးသက်သာစေမှာဖြစ်ပါတယ်။ ထို့ပြင် အသံစနစ်ကိုတော့ SRS Premium Sound system ကို ထည့်သွင်း ပေးထားပြီး ချောမွေ့တဲ့ ရုပ်ထွက် အရည်အသွေးနဲ့အတူ ပုံမှန်ထက် သာလွန်သော HD Webcam လည်း ပါဝင်တာကြောင့် Video Chatting ကို အကောင်းဆုံး ပြုလုပ်နိုင်ပါလိမ့်မယ်။ Battery သက်တမ်း အနေနဲ့ကလည်း 6 Cells ကို အသုံးပြုထားတဲ့အတွက် အနည်းဆုံးတော့ ၃ နာရီ ခံနိုင်ရည်ရှိပါလိမ့်မယ်။

အားသာချက်
ဈေးနှုန်းသက်သာတာကတော့ ဒီ Notebook ရဲ့ အဓိကအားသာချက် ဖြစ်နေပါလိမ့်မယ်။ ဒါ့အပြင် ၄င်းအတွင်း Intel ရဲ့ Sandy Bridge ကိုအသုံးပြု ထားတာကလည်း သုံးစွဲသူတွေကို အဓိက စွဲဆောင်ထားနိုင်တဲ့အချက်ပါပဲ။

အားနည်းချက်
လုံလောက်တဲ့ Graphic အရည်အသွေးမပါဝင်တာနဲ့ဒီဇိုင်းလှပ သေသပ်ခြင်း သိပ်မရှိတာကတော့ msi CR460 ရဲ့ အဓိက အားနည်းချက်ပဲ ဖြစ်နေပါလိမ့်မယ်။

ခြုံငုံသုံးသပ်ချက်
အဆုံးသတ်အနေနဲ့ဆိုရရင်တော့ ဈေးနှုန်းသက်သက်သာသာနဲ့ Notebook အသစ် တစ်လုံးကို ဝယ်ယူသုံးစွဲချင်သူများအဖို့ msi CR460 က အကောင်းဆုံး ရွေးချယ် မှုဖြစ်နေနိုင်ပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *