Automobile

ဈေးကွက်ထဲကို သိသိသာသာ အ၀ယ်လိုက်လာတဲ့ Hummer H2, 2009

အရင်တုန်းက Hummer ကားတွေစီးဖို့ အလွန်ခက်ခဲတဲ့ ကာလတစ်ခုဖြစ်ပြီး ယခုအချိန် ကားတင်သွင်းခွင်ရှိသွာတဲ့အခါမှာတော့ Hummer တွေကို ၀ယ်ယူမောင်းနှင်လာကြပါတယ်။ ယခုလို၀ယ်ယူမောင်းနှင်ကြတဲ့အခါမှာ Hummer ရဲ့မျိုးဆက်သစ်ဖြစ်တဲ့ Hummer H II တွေကိုအဓိကထား ၀ယ်ယူလာကြပါတယ်။ Hummer ပာာဆိုရင် ၁၉၉၂ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တဲ့ကားဖြစ်ပြီး နှစ်အလိုက် ပုံစံအမျိုးအမျိုးထုတ်လုပ်လာရာမှ ၂၀၀၃ ခုနှစ်အရောက်မှာ Hummer မျိုးဆက်ကိုရပ်ဆိုင်းပြီး Hummer H II ဆိုတဲ့ ဒုတိယမျိုးဆက်ကို ထုတ်လုပ်ခဲ့ပါတယ်။

HummerHIIတွေပာာ စတင်ထုတ်လုပ်တဲ့နှစ်မှာတင် ရောင်းအားအကောင်းဆုံး အနေထားကိုရောက်ရှိခဲ့ပြီး ခရီးကြမ်းသွားလိုသူတွေ၊ Rally ကားမောင်းပြိုင်ပွဲ၀င်တွေက အဓိကထား ၀ယ်ယူကြပါတယ်။ ဇိမ်ခံစီးဖို့၀ယ်ယူသူတွေကတော့ အနည်းငယ်သာ ၀ယ်ယူကြပါတယ်။  Hummer HIIမှာ လူစိတ်၀င်စားတဲ့အချက်ကတော့ AM General ကထုတ်လုပ်တဲ့ တာယာ တွေပဲဖြစ်ပါတယ်။ အဲဒီတာယာတွေပာာ ဘယ်လောက်ပင် ကြမ်းတမ်းတဲ့ လမ်းဖြစ်ပါစေ မောင်းနှင်နိုင်တာကြောင့်ပါ။ နောက်တစ်ချက်ကတော့ ကားရဲ့Frameပဲဖြစ်ပြီး စစ်တပ်ကားတစ်စီးလို မာကြောတယ်လို့တောင် တင်စားပြောဆိုရတဲ့အထိ ကောင်းမွန်လှပါတယ်။ နောက်ထပ်ထူးခြားချက်ကတော့ အကြမ်းခံတဲ့ ကားတွေထဲမှာ 4WD သာများပြီး 4WD SUV ကားအမျိုးအစားဖြစ်တဲ့ Humer H II  ပာာအကြမ်းခံတဲ့ကားစာရင်းမှာ နံပါတ်တစ်နေရာကို ရရှိထားတယ် ဆိုတာပါပဲ။

Hummer H II နှင့်ပတ်သက်ပြီး ကားပွဲစားတန်းမှ ဝါရင့်ကားပွဲစားတစ်ဦးရဲ့ အဆိုအရ   “ Hummer H II တွေက အခုနောက်ပိုင်း အ၀ယ်တော်တော်လိုက်လာတယ်၊  ပြည်တွင်းမှာတော့ Hummer တွေကို ဇိမ်ခံကားလိုမျိုး အသုံးပြုနေကြတယ်၊ ဒါပေမဲ့ တောင်တက်မယ့်သူတွေ၊ တောနက်ထဲကိုသွာရောက်မယ့်သူအချိုတော့ ၄စီး၊ ၅စီး တစ်ခါထဲ၀ယ်သွားကြတယ်၊ Engine ပါဝါကလည်း 2.0 CC ကနေ 4.0CC အထိ အမျိုးမျိုးလာပေမယ့် 2.0CC တွေသာ အဓိကထား၀ယ်ကြတယ်၊ အခုတော့ Hummer H II 2009 တွေပဲအ၀ယ်များတယ်” လို့ ပြောကြားခဲ့ပါတယ်။

နယ်ခရီးတွေကိုသွားတဲ့အခါအသုံးပြုဖို့လာ၀ယ်တဲ့ NGO အဖွဲ့အစည်း တစ်ခုမှ တာ၀န်ရှိသူကလည်း “အစ်ကိုတို့အဖွဲအစည်းက နယ်တွေသွားရတယ်၊ အဲ့ဒီအခါ လမ်းကြမ်းရင် ကားနဲ့သွားလို့ မရဘဲလမ်းဆင်းလျှောက်ရတော့ပင်ပန်းတယ်။ ပြီးတော့အဆင်မပြေဘူး၊ အချိန်လည်းကုန်တယ်လေ၊ Hammer H II  တွေက ဘယ်လောက်လမ်းကြမ်းကြမ်း မောင်းလို့ရတယ်၊ပြီးတော့ လူလည်း၆ယောက်လောက် စီးလို့ရပြီးကုန်တွေလည်းတင်လို့ရတော့ အသုံးပြုရတာ အဆင်ပြေမယ်ဆိုလို့ လာ၀ယ်တာ။ Showroom တွေမှာမရတော့တာနဲ့ ပွဲစားတန်းမှာလာ၀ယ်တာ” လို့ ပြောပါတယ်။ “အခုရက်ပိုင်း Hummer H II တွေကို လာမှာတာ များတယ်၊ အရင်ကအကြိုက်နည်းတော့ Showroom မှာ မတင်ထားဘူး၊ အခုတော့ တော်တော်လာမှာကြတယ်၊ ကားက အကြမ်းခံတယ် ဆိုပြီး လာလာမေးကြတာ”  လို့ ကားအရောင်းပြခန်းမှ တာ၀န်ရှိသူတစ်ဦးကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *