Featured, News

မိုက်ခရိုဆော့လ်ရဲ့ ဝင်းဒိုး apps တွေကို ထိန်းချုပ်မယ့် Azure RemoteApp beta ဗားရှင်း

ဒီနှစ်အစပိုင်းတုန်းက မိုက်ခရိုဆော့လ်က သူတို့ရဲ့ Azure Remote အပလီကေးရှင်း ဗီတာဗားရှင်းကို ထုတ်မယ်ဆိုတာကို ကြေညာခဲ့တဲ့အတိုင်း အခုတော့ ဝင်းဒိုးအပလီကေးရှင်းတွေကို Remote နည်းပညာနဲ့ ထိန်းချုပ်နိုင်မယ့် ဒီအပလီကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ကြေညာထားတဲ့အတိုင်းပဲ ဒီအပလီကနေပြီး ဝင်းဒိုးအပလီတွေကို ဗာကျူရယ် (အတု) နည်းပညာနဲ့ အစစအရာရာကို ထိန်းချုပ်နိုင်ပါတယ်။ Azure ကနေပြီး သင့်ရဲ့ကွန်ပျူတာဟာ ဝင်းဒိုးပီစီပဲဖြစ်ဖြစ်၊ မက်စ် ပီစီပဲဖြစ်ဖြစ်၊ မိုဘိုင်းဖုန်းပဲဖြစ်ဖြစ် remote နည်းပညာနဲ့ အကုန်လုံးကို ထိန်းချုပ်လို့ရမှာပါ။ မိုက်ခရိုဆော့လ်က ဒီကနေ့မှာ RemoteApp ကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာ beta ဗားရှင်းကို ထုတ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီအစမ်းသပ်သုံးကာလအတွင်းမှာ ဒီ RemoteApp ကတော့ အလကားပေးသုံးမှာဖြစ်ပြီး သုံးစွဲမည့်သူအနေနဲ့ Azure account တစ်ခုတော့ လိုမှာဖြစ်ပါတယ်။ အခုကစပြီး မိုက်ခရိုဆော့လ်က ရက်ပေါင်း ၃၀ အစမ်းပေးသုံးထားပါတယ်။ အစမ်းသပ်ကာလပြည့်သွားတဲ့ အသုံးပြုသူဟာ ဆက်သုံးချင်တယ်ဆိုရင် payment ချေရမှာ ဖြစ်ပါတယ်။ ကုမ္ပဏီကနေ အပလီကို basic and standard ဆိုပြီး နှစ်မျိုးထုတ်ထားပါတယ်။ Basic account က နာရီပေါင်း ၄၀ ကို ၁၀ ဒေါ်လာကျမှာဖြစ်ပြီး တစ်လစာအတွက်ကိုတော့ ၁၇ ဒေါ်လာကျမှာဖြစ်ပါတယ်။ Standard account ကတော့ အဲဒိ package တွေပါတဲ့အပြင် Office လိုမျိုးဆားဗစ်တွေလည်း သုံးခွင့်ပေးထားပါတယ်။ အဲဒိအကောင့်အတွက် တစ်လအသုံးပြုခွင့် ၂၃ ဒေါ်လာဖြစ်ပါတယ်။ နောက်နှစ်ကျရင်တော့ မိုက်ခရိုဆော့လ်က ပုံမှန်သုံးစွဲသူတွေကို Volume Licensing Plan လို့ခေါ်တဲ့ ပိုမိုသက်သာတဲ့ နှစ်ရှည်ပလန်ကို ကြေညာပေးသွားမယ်လို့ ပြောပါတယ်။
မိုက်ခရိုဆော့လ်ရဲ့ ဝင်းဒိုး apps တွေကို ထိန်းချုပ်မယ့် Azure RemoteApp beta ဗားရှင်း
မိုက်ခရိုဆော့လ်ကနေပြီး ဒီလိုမျိုး RemoteApp ကိုထုတ်လိုက်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကိုယ်ပိုင်ဆာဗာထောင်ပြီး သူတို့ရဲ့ အပလီကေးရှင်းတွေကို တင်ထားနိုင်ပါတယ်။ အဲဒိအတွက် မိုက်ခရိုဆော့လ်ကနေ Remote Desktop Session Host ဆိုတဲ့ ဖီးချားကိုင်ထည့်သွင်းပေးထားပါတယ်။ ဒီဖီးချားဟာ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းတွေ အတွက်ဆို ကိုယ့်ရဲ့လုံခြုံရေးကို ကာကွယ်တဲ့နေရာမှာ ပိုမိုအရေးသားတယ်ဆိုတာ မြင်သာပါတယ်။ Azure ကနေပြီး အိုင်တီပိုင်းဆိုင်ရာ enterprise ပုံစံတွေကို အခြား ရှုပ်ထွေးလှတဲ့ Citrix လိုမျိုး enterprise players ထက်ကို အလွန်လွယ်ကူစွာ ထိန်းချုပ်နိုင်ပါတယ်။ ဒီဖီးချားက တစ်ခြား XenApp လိုမျိုး ဆားဗစ်တွေနဲ့လည်း အနည်းငယ်ဆင်တူပါတယ်။ မိုက်ခရိုဆော့လ်က ဒီလိုမျိုး  Azure ကနေဆားဗစ်ပေးဖို့ ရည်ရွယ်နေတာ နှစ်အနည်းငယ်ရှိပါပြီ၊ ဒါပေမယ့်နောက်ဆုံးမှာတော့ အရမ်းကောင်းမွန်ပြီး ပေးချမှုအနည်းငယ်နဲ့ ကိုယ့်ရဲ့လုံခြုံတဲ့ ဆာဗာပေါ်မှာ ကိုယ်ပိုင်အပလီကေးရှင်းတွေကို ထိန်းချုပ်နိုင်တော့မှာပါ။
author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Leave a Reply

Your email address will not be published. Required fields are marked *