Featured, News

နောက်ထွက်မယ့် James Bond ရုပ်ရှင်ကို Spectreဟု အမည်ပေးမည်

၂၀၁၅ ခုနှစ်နှောင်းပိုင်းမှာ ထွက်ရှိမယ့်၂၄ ကားမြောက် James Bondရုပ်ရှင်အသစ်ကို Spectreလို့ အမည်ပေးထားပါတယ်။ Spectreဆိုတဲ့ နာမည်ဟာ James Bondရုပ်ရှင်တွေမှာ ပါလေ့ရှိတဲ့ ကမ္ဘာ့အကြမ်းဖက် အဖွဲ့အစည်းဖြစ်မှန်း James Bond ပရိသတ်တွေ သိကြမှာပါ။ ဒီနာမည်ရဲ့ အရှည်က မကောင်းဆိုးဝါးတစ်ကောင်လိုဖြစ်ပြီး Special Executive for Counter-intelligence, Terrorism, Revenge, and Extortion ဖြစ်ပါတယ်။

ဇာတ်ကားအမည်ကို တိုက်ရိုက်ရုပ်သံထုတ်လွှင့်တဲ့ ပွဲတစ်ခုမှာ ကြေညာလိုက်တာ ဖြစ်ပြီး အဲဒီပွဲမှာပဲ ဒါရိုက်တာ Sam Mendesက မင်းသားစီးမယ့် Aston Martin DB10 ကားအသစ်နဲ့ ဇာတ်ကားမှာ ပါ၀င်မယ့် သရုပ်ဆောင်အားလုံးကို ကြေညာလိုက်ပါတယ်။ ဇာတ်ဆောင်အသစ်တွေအနေနဲ့ ဘီဘီစီရဲ့ Sherlockကားမှာ Moriartyအနေနဲ့ သရုပ်ဆောင်ပြီး အခုကားမှာ Denbighအမည်နဲ့ သရုပ်ဆောင်တဲ့ Andrew Scott, Oberhauserအနေနဲ့ သရုပ်ဆောင်မယ့် Christoph Waltz, Dave Bautista, Monica Bellucci, Lea Seydouxတို့ ဖြစ်ပါတယ်။

ဇာတ်ကားအသစ်အတွက် ရိုက်ကွင်းတွေကတော့ Pinewood London, Mexico City, Rome, Tangier & Erfoud, Morocco, Sölden, Obertilliach, and Lake Altaussee, Austria တို့ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Skyfallဟာ ပထမဆုံး James Bondရုပ်ရှင်ထွက်ရှိပြီး နှစ်ငါးဆယ်အကြာမှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး ကမ္ဘာတစ်၀န်းမှာ ၁.၁ ဘီလီယမ် ဒေါ်လာရရှိခဲ့တဲ့အတွက် အအောင်မြင်ဆုံး James Bondရုပ်ရှင်ပါ။ အဲဒီရုပ်ရှင်ဟာ ဒီနေ့အချိန်အထိ ကမ္ဘာတစ်၀န်းမှာ ရောင်းအကောင်းဆုံး ရုပ်ရှင်တွေထဲမှာ နံပါတ်ကိုးနေရာက ရပ်တည်နေပါတယ်။

Skyfallရဲ့ ဒါရိုက်တာ Sam Mendesနဲ့ ဇာတ်ညွှန်း ရေးသားသူများဖြစ်တဲ့ John Logan, Neal Purvis, and Robert Wade တို့ အားလုံးဟာ ဇာတ်ကားအသစ်မှာ ပြန်လည်ပါ၀င်လာပါတယ်။ မင်းသားကတော့ Daniel Craigဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ Charlie Rose အင်တာဗျူးမှာ Mendesရဲ့ ပြောကြားချက်အရ အဲဒီ အချိန်တုန်းက ဇာတ်ကားအသစ်ကို Bond 24လို့ အမည်ပေးထားတာပါ။ ဇာတ်ကားအသစ်ဟာ Skyfallရဲ့ အဆက်မဟုတ်ပေမယ့် Ralph Fiennes, Naomie Harris, Rory Kinnear, and Ben Whishaw တို့ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းမှာ ပြင်သစ်ရုပ်ရှင်မင်းသမီး Lea Seydouxကို ဇာတ်ကားအသစ်ရဲ့ မင်းသမီးအဖြစ် အတည်ပြုခဲ့ပါတယ်။ Christoph Waltzကိုတော့ ဘယ်နေရာမှာ သရုပ်ဆောင်ခိုင်းမယ်မှန်း မသိသေးပေမယ့် သတင်းထွက်နေတာကတော့ Ernst Stavro Blofeld ဖြစ်ပါတယ်။ Guardidans of the Galaxyရဲ့ Dave Bautistaကိုတော့ အရင်ကတည်းက သတင်းထွက်နေပြီး အခု အတည်ပြုလိုက်ပြီဖြစ်တဲ့ Hinxနေရာက သရုပ်ဆောင်ခိုင်းမှာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *