Gmailမှာ Attachmentတွေကို Manageလုပ်ရတာ မလွယ်ပါဘူး။ Thunderbird, Postboxတို့လို Email Clientတွေမှာ Gmail Attachmentတွေကိုပဲ သီးသန့် ရွေးချယ်ကြည့်လို့ရနိုင်တဲ့ Featureပါရှိပါတယ်။ သင့် Gmailမှာလည်း Attachmetတွေကို သီးသန့် ကြည့်ရှုချင်ရင်တော့ MetisMeဆိုတဲ့ Chrome Extensionကို အသုံးပြုနိုင်ပါတယ်။ MetisMeက Attachmentတွေကို Sidebarမှာ လင့်တစ်ခုအနေနဲ့ ပြပေးနိုင်ပြီး အဲဒီလင့်ကို နှိပ်ပြီး Attachmentတွေကို သီးသန့် ကြည့်နိုင်ပါတယ်။ ဒါ့အပြင် Dropbox, GoogleDrive, Evernoteတို့နဲ့ Integrationဖြစ်ပြီး Attachmentတွေကို ပေးပို့နိုင်ပါတယ်။
MetisMeကို Chromeမှာ အင်စတောလုပ်ပြီးရင် ဘယ်ဘက်က Sidebarမှာ Attachmentsလင့်ကို တွေ့မြင်နိုင်ပြီး Attachmentတွေကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ Dropbox, GoogleDrive, Evernoteတို့ကိုလည်း ဖိုင်တွေ ကူးယူနိုင်ပါတယ်။
Search Boxကနေလည်း Attachmentတွေကို ရှာဖွေနိုင်ပါတယ်။ Attachmentတွေကို Filterလုပ်ပြီး ရှာဖွေနိုင်ပါသေးတယ်။
MetisMeမှာ Automation Toolတစ်ခုလည်း ပါရှိပါသေးတယ်။ အီးမေး IDတွေ သတ်မှတ်ထားပြီး အဲဒီ IDနဲ့ ၀င်လာတဲ့မေးရဲ့ Attachmentတွေကို Dropbox, GoogleDrive, Evernoteစတာတွေကို အလိုလို ပို့ခိုင်းလို့ ရပါတယ်။
MetisMeက Gmailမှာ Attachmentတွေနဲ့အလုပ်လုပ် နေရတဲ့သူတွေ အတွက်တော့ တော်တော်အသုံး၀င်တဲ့ Web Applicationတစ်ခုပါ။