Automobile

Mazda CX-9

Mazda-CX-9

SUVတွေထဲမှာ Performance ရော၊ Luxuryပါ လိုချင်တယ်ဆိုရင်တော့ ဒီ Mazda CX-9 လေးကို ရွေးချယ်ပါလို့ ဆိုထားပါတယ်။ အတွင်းခန်းကို ချောင်ချိ ကျယ်ဝန်းစွာ ခရီးသည် ခုနစ်ယောက် ထိုင်ပြီး အသုံးပြုနိုင်မည့် ဒီ CX-9လေးဟာ စွဲဆောင်မှုရှိတဲ့ ဒီဇိုင်းသက်သက် ထွင်ထားခြင်း မဟုတ်ပဲ လက်တွေ့မှာလည်း တကယ် အသုံးပြုနိုင်ဖို့ကို ဦးစားပေးထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ အဆင့်မြင့် နည်းပညာများကို အသုံးပြုထားသည့်အပြင် Internet Radio ဖမ်းယူ နားဆင်နိုင်သည့် နိုင်ငံများတွင်လည်း Pandoraကို နားဆင်နိုင်အောင် တစ်ပါတည်း ထည့်သွင်း ပေးထားတယ်လို့ ဆိုပါတယ်။
Interior ဒီဇိုင်းပိုင်းကို ပြောရမည်ဆိုရင်တော့ ရင်သပ်ရှုမောဖွယ် ထုဆစ်ထားတာကို တွေ့ရမှာ ဖြစ်ပြီး ပုံစံ (၈)မျိုး ချိန်ညှိနိုင်တဲ့ ယာဉ်မောင်း ထိုင်ခုံနှင့် အတူ Setting (၃)မျိုးအထိ ပြန်လည် ချိန်ညှိစရာ မလိုပဲ သိမ်းဆည်းပေးနိုင်စွမ်း ရှိပါတယ်။ ထိုင်ခုံတွေကို Leatherတွေဖြင့် မှာယူလို့ ရသည့်အပြင် စတီယာတိုင်ကိုပါ Leatherဖြင့် မွန်းမံပေးထားသည့်အတွက်ကြောင့် ကားရဲ့ ဘယ်နားကို ကြည့်ကြည့် ခန့်ညား ထည်ဝါမှုကို ရရှိစေမှာ ဖြစ်ပါတယ်။

နေ့စဉ်နှင့်အမျှ အသုံးပြုသည့် အချိန်မျိုးမှာလည်း Mazda CX-9ဟာ Honda Pilot, Toyota Highlanderနှင့် Acura MDXတို့ထက် ခရီးသည် ခြေထောက် ချသည့် နေရာ အနေအထား ပိုမို ကျယ်ဝန်းသည်ကို ခံစားရမှာပါ။ တတိယမြောက် အတန်းက ပစ္စည်း သိုလှောင်တဲ့ ဗုံးဆိုရင်လည်း အရွယ်မရွေး ကစားနိုင်တဲ့ ဂိမ်းစက်များကို ထည့်ထားလို့ ရအောင်ကို ကျယ်ဝန်းတယ်လို့ ဆိုထားပါသေးတယ်။ ထို့အပြင် Cup-holder (၈)ခု ပါဝင်ပြီး ၁ လီတာ ရေဗူး ၄ ဗူးအတွက်လည်း နေရာ ရှိသေးတဲ့အတွက်ကြောင့် Mazda အင်ဂျင်နီယာများဟာ စီးနင်းလိုက်ပါလာတဲ့ ခရီးသည်များအတွက် ဘယ်လောက် တွေးတောပြီး တီထွင်ထားသည်ကိုတော့ ပြောစရာ မလိုတော့ပါဘူး။

ဖော်ပြပါအတိုင်း Pandora အင်တာနက် ရေဒီယိုကို နားဆင်နိုင်သည့်အပြင် Satellite Radio၊ သင် MP3 Playerတွေကို ချိတ်ဆက် နားထောင်ဖို့အတွက် အဆင်ပြေမည့် Audio Systemတို့နှင့်အတူ Bluetooth Streamingပါ ထည့်သွင်းပေးထားသည့် 5.8-inch touch-Screen Display ထိန်းချုပ်မှု စနစ် ပါဝင်ပါသေးတယ်။ အခြား ခေတ်သစ်ရဲ့နည်းပညာများ ဖြစ်သော ကားပတ်ပတ်လည် ထိခိုက်မှု နည်းဖို့အတွက် Intelligence Sensorတွေအပြင် မိုးရေကို အနည်းအများပေါ်လိုက်ပြီး မှန်ကို သန့်စင်ပေးမည့် Wipersတို့ကိုပါ တပ်ဆင် ပေးထားတယ်လို့ ဆိုပါတယ်။

ထို့ကြောင့် ဒီတစ်ပတ် အနောက်နိုင်ငံများမှာ လွန်စွာ ခေတ်စားနေတဲ့ Mazda SUVလေးကို တိုယိုတာ အသည်းစွဲ ပြည်တွင်းမှ ကားပိုင်ရှင်များ သိစေရန် မျှဝေပေးလိုက်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *