မြန်မာပြည်တွင်းရှိ ကိုယ်ပိုင်ဂျက်လေယာဉ် ၀ယ်ယူလိုသူများနှင့် ငှားရမ်းလိုသူများအတွက် ပြင်သစ်နိုင်ငံလုပ် G450 ဂျက်လေယာဉ်ကို အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း MAIမှ ပထမအကြိမ်အဖြစ် ၀န်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယင်း G450 ဂျက်လေယာဉ် ၀ယ်ယူ လိုသူများနှင့် ငှားရမ်းလိုသူများသည် MAI လေကြောင်းလိုင်းသို့ ဆက်သွယ်ရမည်ဖြစ်ပြီး လေယာဉ်နှင့် ပတ်သက်သည့် အခြား၀န်ဆောင်မှုများကိုလည်း ပြုလုပ်ပေးသွားမည်ဟု MAIမှ ဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာက ပြောသည်။
“ဈေးနှုန်းကတော့ မသိသေးဘူး။ ၀ယ်ဖို့နဲ့ ငှားဖို့အတွက် စီစဉ်ပေးမှာပါ။ လေယာဉ်မှူးတွေလည်း စီစဉ်ပေးမှာပါ”ဟု ဒေါ်အေးမရသာက ပြောသည်။ အဆိုပါ ဂျက်လေယာဉ်သည် ပြင်သစ်နိုင်ငံထုတ် ဖြစ်ပြီး ကမ္ဘာတွင် ရောင်းအားအကောင်းဆုံး ဂျက်လေယာဉ်ဖြစ်ကြောင်း ယင်းကဆိုသည်။
မြန်မာနိုင်ငံတွင် ကိုယ်ပိုင်ဂျက်လေယာဉ် ၀ယ်ယူချင်သူများအတွက် နိုင်ငံတော် လုံခြုံရေးနှင့် အခြားအချက်အလက်များ ပြည့်စုံပါက ခွင့်ပြုပေးမည်ဟု မြန်မာနိုင်ငံ လေကြောင်းဦးစီးဌာနက ပြောဆိုထားသည်ဟု သိရသည်။