News

ASUSရဲ့ “Transformer”

ASUSရဲ့ “Transformer Book T100”လို့ခေါ်တဲ့ ပါးလျတဲ့ ဒီဇိုင်းနဲ့Laptop ကတော့ လာမယ့် အောက်တိုဘာ ၁၈ရက်နေ့မှာ ၃၄၉ဒေါ်လာနဲ့ ၀ယ်ယူရရှိနိုင်တော့မယ်လို့ သိရပါတယ်။ ထူးခြားတာက အဆိုပါ Laptopဟာ ပေါ့ပါးတဲ့ ပုံစံရှိရုံတင်မက Windows 8.1နဲ့ Runထားပြီး Laptop/Tabletပုံစံ နှစ်မျိုး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Transformerလို့ နာမည်ပေးထားတာပေါ့။ တပ်ဆင်ထားတဲ့ CPUဟာလည်း Intelရဲ့ Tabletတွေ အတွက် ရည်ရွယ်ဖန်တီးထားတဲ့ Bay Trailဖြစ်ပါတယ်။ အတိအကျ ဆိုရရင်တော့ Quad-Core Intel Atom Bay Trail-TZ3740 Processorပါ။ မျက်နှာပြင်အကျယ် 10.1inchesရှိပြီး ရုပ်ထွက်ကတော့ ပုံမှန် Mobile PCအများစုလိုပဲ 1366×768-Pixelဖြစ်ပါတယ်။ အဆိုပါ Hybrid(Tablet, Laptopပေါင်းစပ် ထားတဲ့) Deviceမှာ ဂရပ်ဖစ်အတွက်လည်း GPUကို Intel HD Graphicsသုံးထား ပါတယ်။

မူရင်း Websiteကတော့ အဆိုပါ Hybridကို Tabletလို့ သုံးနှုန်းထားပါတယ်။ အဆိုပါ Tabletမှာ RAM 2GBတပ်ဆင် ထားကာ 1.2MP ရှေ့ကင်မရာလည်း ပါ၀င်မှာ ဖြစ်ပြီး ကျောဘက်ကင်မရာတော့ မပါ၀င်ဘူးလို့ သိရပါတယ်။ Tabletရဲ့ ထုံးစံအတိုင်း Portတွေတော့ ထည့်သွင်းပေးထားပြီး Micro-HDMI, Micro-USB, MicroSD Card Readerနဲ့ သီချင်းနားထောင်ဖို့ Headphone Jack Portလည်း ပါ၀င်မှာပါ။ ကျောဘက်မှာလည်း Stereo Speakerတွေ တပ်ဆင်ပေးထားတဲ့အပြင် Keyboardမှာလည်း USB 3.0 Portတစ်ခု ပါ၀င်မှာ ဖြစ်ပါတယ်။

Tabletသပ်သပ်၊ Keyboardသပ်သပ်လည်း ခွဲထားနိုင်ပြီး နှစ်ခုပေါင်း အလေးချိန် ၂.၄ပေါင်သာ ရှိလို့ ပေါ့ပါးတဲ့ Tabletပဲ ဖြစ်ပါတယ်။ အဆိုပါ T100 Tabletဟာ 32GB Modelအတွက် ၃၄၉ဒေါ်လာ ဖြစ်ပြီး 64GB Modelအတွက် ဆိုရင်တော့ ဒေါ်လာ လေးရာခန့်ဖြစ် ပါတယ်။ အဆိုပါ ဈေးနှုန်းတွေဟာ Keyboardပါ၀င်ပြီး ဖြစ်ပါတယ်။ ASUSရဲ့ Transformer Tabletဟာ Windows 8.1သုံးစွဲ ရရှိနိုင်မယ့် အောက်တိုဘာ ၁၈ရက်နေ့မှာပဲ အတူတူ ထွက်ရှိလာမယ်လို့ သိရပါတယ်။ မြန်မာပြည်မှာ လူကြိုက်များပြီးသား ဖြစ်ကာ အကြမ်းခံတယ်လို့ နာမည်ကြီးတဲ့ ASUSရဲ့ Tablet+Keyboard Hybridဟာ ၃၄၉ဒေါ်လာသာ သတ်မှတ်ထားတာ ဖြစ်လို့ မြန်မာအိုင်စီတီ ပရိသတ်တွေ ရွေးချယ်စရာ တစ်ခုအဖြစ် တင်ဆက်ပေးလိုက် ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *