လွန်ခဲ့တဲ့ ရက်သတ္တခြောက်ပတ်လောက်က တရုတ်ပြည်ကထုတ်လုပ်တဲ့ WeChat Appမှာ အသုံးပြုသူ တရုတ်နိုင်ငံပြင်ပမှာ သန်း၇၀ကျော်ပဲ ရှိခဲ့တာပါ။ အံ့သြဖွယ်ရာပဲ ယနေ့မှာတော့ WeChat Appရဲ့ အသုံးပြုသူ သန်းတစ်ရာရှိလာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက WeChat Appကို ရေးဆွဲဖန်တီးတဲ့ Tecentကုမ္ပဏီဟာ ကမ္ဘာ့ဘောလုံး အကျော်အမော် လီယွန်နယ် မက်ဆီနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး မက်ဆီဟာ WeChat Appရဲ့ Global Ambassadorနဲ့ TVကြော်ငြာစတား ဖြစ်လာခဲ့ပါတယ်။
နိုင်ငံပေါင်းများစွာက ဘေလ်ဘုတ်တွေနဲ့ TVအစီအစဉ်တွေမှာလည်း ငွေကြေးမြောက်များစွာ သုံးစွဲခဲ့ပါတယ်။ ဒီဘောလုံး အကျော်အမော်နဲ့ လက်မတွဲခင်က WeChatဟာ သုံးစွဲသူ သန်း၅၀ကနေ သန်း၇၀ဖြစ်လာဖို့ ရက်သတ္တပတ်ခြောက်ပတ် အချိန်ယူခဲ့ရပါတယ်။ ဒါ့အပြင် အခုလက်ရှိ သုံးစွဲသူအရေအတွက်ဟာ လွန်ခဲ့တဲ့ ခြောက်လက အရေအတွက်ထက် နှစ်ဆပိုမို များပြားလာတယ်လို့လည်း သိရပါတယ်။
WeChat Appရဲ့ သုံးစွဲသူအများစုကတော့ တရုတ်ပြည်က ဖြစ်ပါတယ်။ ကြောက်ခမန်းလိလိပါပဲ။ WeChatအသုံးပြုသူ စုစုပေါင်းအရေအတွက် သန်း ၄၀၀နီးပါးတောင် ရှိပါသတဲ့။ ဒါ့အပြင် လစဉ်Active ဖြစ်တဲ့ သုံးစွဲသူအရေအတွက်ဟာလည်း ၂၃၆သန်းခန့် ရှိတယ်လို့ Tencentရဲ့ မနေ့က ကြေညာတဲ့ ထုတ်ပြန်ချက် တစ်ခုအရ သိရှိရပါတယ်။