Opinion

ကျွန်တော် ကြုံတွေ့ ခဲ့သော IT လောက

ကျွန်တော် ကြုံတွေ့ ခဲ့တဲ့ IT လောကက အကြောင်းကို ရေးလိုက်ပါတယ်။ ကျွန်တော် ကျောင်းပြီးလို့ အလုပ်စလုပ်ကာစက တော်တော် ဒုက္ခရောက်ခဲ့ရပါတယ်။ ကျောင်းကသင်ပေးလိုက်တဲ့ စာတွေကလည်း လက်တွေ့မှာ အသုံးကျတာဆိုလို့ စက်ဖွင့်တာ စက်ပိတ်တာလောက်ဘဲရှိမယ်ထင်တယ်။

မပြည့်စုံတဲ့ သင်ကြားရေး စနစ်တွေ ၊ အခြေခံကျကျ အချက်အလက်တွေ နဲ့ သင်ကြားခဲ့ရခြင်း မဟုတ်ခဲ့လေတော့ တကယ်လည်း လုပ်ငန်းခွင်ရောက်တဲ့ အခါကတော့ ကျွန်တော်တို့ မှာ ခွေးအကြီး လှည်းနင်း ဆိုသလိုပဲ အခက်အခဲတွေ   သေချင်စိတ်တွေပါ ၀င်လာခဲ့ပါတယ်။ ကျောင်းတက်တုန်းက “မင်း ကျောင်းပြီးရင် ဘာလုပ်မှာလဲ” မေးရင် ကွမ်းယာဆိုင်ဖွင့်မှာပေါ့ နောက်ခဲ့သလို ကွမ်းယာဆိုင်ဘဲ ဖွင့်ရင် ကောင်းတော့မလားလို့တောင် တွေးမိတယ်။

လက်တွေ့ကျကျ တကယ့် အလုပ်ခွင် ထဲ ရောက်တော့ ကျွန်တော်လို ပဲ ငအူငလယ် ကောင်တွေ တပုံကြီးဆိုတာ သိလိုက်ရပါတယ်။ ရီစရာ လား ငိုစရာလား မသိတဲ့ တကယ့်အဖြစ်တွေ ကတော့ အများကြီးပါ။ ဥပမာ ကျွန်တော်တို့ လုပ်ငန်းမှာ Windows XP ရဲ့ key ကို အလွတ်ကျက်ရပါတယ် K2KB2-….-…- စသဖြင့် windows vista , 7 အကုန် အလွတ်ကျက်ရပါတယ် အမှန်အတိုင်းပြောရရင် လည်း မြန်မာတပြည်လုံး ၉၉ ရာခိုင်းနှုန်းသော စက်တွေမှာ copy windows ပဲ သုံးထားတာပါ ။ key တွေက အစ တခုတည်း လိုလိုပါပဲ။ ( အခုနောက်ပိုင်းတော့ လက်တော့ တွေမှာ အော်ရယ်ဂျင်နယ် ၀င်းဒိုးတွေ ပါလာပါပြီ) ။

ကျွန်တော်တို့ ပြောနေကြစကားတခွန်းကတော့ key များများ အလွတ်ကျက်နိုင်တဲ့ ကောင်က ဆရာပါပဲ။ တချို့ဆို ဆရာ ဖြစ်ချင်ဇောနဲ့ photo shop , Microsoft Office ရှိသမျှ ဆော့ဝဲ အကုန်အလွတ်ရအောင် ကျက်ထားတဲ့ လူတောင် တွေ့ဘူးပါတယ်။ ဟီးဟီး  အဲဂလို ဆရာကျချင်တာ။ ကျွန်တော်ကတော့ Xp ကီးလောက်ပဲ အလွတ်ရတာ ကျန်တာကတော့ စက်ရွက် တရွက်ကို သွားလေရာ ယူသွားရပါတယ်။ ကျွန်တော်တို့ ခေတ်တုန်းကတော့ အခုလို့ external hard disk တွေ ပေါပေါလောလော မပေါ်သေးပါဘူး။ ရှိရင်တောင် ဈေးကကြီးလေတော့ သွားလေရာ CD box လေးတကိုင်ကိုင်နဲ့ပေါ့ဗျာ။ လုပ်ငန်းခွင် ၀င်သူတိုင်း CD box လေး ချိုင်းကြားညှပ်လို့ စတိုင်ထုတ်ကြတာပဲတချို့က ၂ ခု ၃ ခုလောက်နဲ့ဗျ။ ပိုပြီး ဆရာကျတယ်လို့ အထင်ခံချင်ပုံပေါ့။ အဲမှာ

ကျွန်တော်တို့ အကြီးအကျယ် တိုင်ပတ် တာ တခုရှိခဲ့ပါတယ်။ ကျွန်တော် Hardware and Network လိုင်းကို ရွေးချယ်လိုက်တုန်းက ကိုယ့်ရှေ့မှာရှိတဲ့ စီနီယာတွေကို ဆရာ ဆရာ နဲ့ ခေါ်ပြီး ဒါလေးက ဒီလို လား ဒါလေးက ဟိုလိုလား ဆိုပြီး ဆရာခေါ်ရင်းပညာရှာ တက်ခဲ့ပါတယ် ။ သူတို့ကိုလေးစားတယ် အားကျတယ် ပိုက်ဆံရတာလည်း ပါတာပေါ့လေ ဟီး။ တကယ် ကိုယ်လည်း အဲလောကထဲ ရောက်ရော မှန်းချက်နဲ့ နှမ်းထွက်က စလွဲတော့တာပဲ………….

Computer သုံးတဲ့သူကက လုပ်ချင်ရာလုပ်ပြီး သုံးမရတော့မှ ဖုန်းလေးဆက်ပြီး လာကြည့်ပါအုန်းနင် ပြင်ထားတဲ့ စက်က သုံးမရတော့ဘူး ဘယ်လိုတွေ ဖြစ်တာတုန်း သောက်သုံးမကျဘူး.. $#%%R$%   စပြီး စွတ်တင်တာ များပါတယ်။ ကျွန်တော် တို့က ပြင်လည်း ပြင်ပေးရသေး ထပ်ဆောင်းပြီး နားပူပါ ခံရပါသေးတယ်။

ဘာဂိမ်းက ဆော့မရလို့၊ ဘာဆော့ဝဲက သုံးမရလို့၊ ဒီဗီဒီယို က ထစ်ထစ်နေလို့ Error တခုခု တက်တိုင်း ဟတ်ဝဲသမားတွေကို လုပ်ခိုင်းလေ့ရှိတယ်။ ဒီနေရာ မှာ နားလည်တဲ့ သူက ပြောလို့ ဆိုလို့ ကောင်းတယ် နားမလည်တဲ့ သူများကျတော့ ဘယ်လို ရှင်းပြရမှန်း မသိတာခက်တယ်ဗျ။ သဘောကတော့ 1G ( ၁ ဂစ် ) မန်မိုရီပဲ ရှိတဲ့စက်မှာ ၀င်းဒိုး 7 တင်လို့ မရပါဘူး အဲလိုပဲ ဂိမ်းဆိုရင်လည်း need for speed game ကို ဘယ်လိုမှ ဆော့လို့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကို တချို့က ခွေ၀ယ်ပြီး တင်ခိုင်းပါတယ်၊ မရဘူး တင်လို့ အဆင်မပြေနိုင်ဘူး၊ ခင်ဗျားစက်နဲ့ မရဘူးဆိုတာ ကို ပြောပြ ရှင်းပြလည်း မရဘူး ။ သူ့စက်ကျရတယ် ငါ့စက်ကျမရဘူး ဆိုပြီး ဘာမှ မဆိုင်တဲ့ ဟတ်ဝဲ သမားကို အပြစ်တင်တော့တာပေါ့။ ကျွန်တော်တို့ မှာ ဘာဆက်ပြောလို့ ပြောရမှန်းတောင် မသိတော့ပါဘူး….. ဟီး တခါတည်း နာမည်ပါပျက်ရော ။

ကျွန်တော်ထင်ပါတယ် ကမ္ဘာမှာ ဆော့ဝဲတွေ ဂိမ်းတွေကို နည်းလမ်းပေါင်းစုံနဲ့ တင်ပေးရတဲ့ တိုင်းပြည်စာရင်းမှာ  မြန်မာပြည်က ထိပ်ဆုံးမှာ ရှိပါလိမ့်မယ် ။ serial , keygen , patch , crack , copy paste, folder နာမည်ပြောင်း တခါတလေ  ဘာမှန်းမသိတဲ့ နည်းတွေပါ ပါပါသေးတယ် ။ ဒါတွေ ကို သာမန် end user တွေက မသိတာ မဆန်းပါဘူး။ ဒီလို virus မကျ ဆော့ဝဲ မကျ ပေါက်ကရလေးဆယ် ဟာတွေကို သုံးပြီး တကာလ error အဆန်းအပြားတွေကလည်း မနည်းပါဘူး။ အဲလိုတွေကြောင့် ကျွန်တော်တို့ လောကမှာ ဆရာက တခါတလေ တပည့်ဖြစ်ပြီး တပည့်တွေက ဆရာ ဖြစ်တာလည်း ဖြစ်လေ့ရှိပါတယ်။ မသိရင်တော့ တပည့်ပဲ သိရင်တော့ ဆရာဖြစ်တာပါပဲလေ။

author-avatar

About Kyaw San Tun

ကျော်ဆန်းထွန်းမှာ Myanmar ICTတွင် နည်းပညာဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

One thought on “ကျွန်တော် ကြုံတွေ့ ခဲ့သော IT လောက

  1. curon says:

    ha ha that’s too funny

Leave a Reply

Your email address will not be published. Required fields are marked *