News

LG G2 Pro တွင် 4K Video ရိုက်ကူးနိုင်တဲ့ ကင်မရာ တပ်ဆင်ထားမည်

LG မှ G2 Pro Phablet နဲ့ ပတ်သက်တဲ့သတင်းအချက်အလက်အနည်းငယ်ကို ထပ်မံထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အဆိုပါ Phablet ၏ အမည်နဲ့ ရောင်းချမယ့်နေ့ကို အတည်ပြုခဲ့တာဖြစ်ပြီး အခုတစ်ခါမှာ G2 Pro ရဲ့ ကင်မရာ နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

LG G2 Pro ရဲ့ အနောက်ဘက်တွင် 13MP Camera တပ်ဆင်ထားပြီး Optical Image Stabilization နည်းပညာပါရှိပါတယ်။ 4K (3840 x 2160 pixels) Video ရိုက်ကူးနိုင်ပါတယ်။ မျက်နှာချင်းဆိုင်မှာ 2.1MP ကင်မရာ တပ်ဆင်ထားပါတယ်။ ထို့အပြင် အဆိုပါ Phablet ရဲ့ ကင်မရာဟာ Slow-Motion Video ရိုက်ကူးနိုင်သကဲ့သို့ ဓာတ်ပုံအများအပြားကိုလည်း Burst Mode ဖြင့်တစ်ပြိုင်နက် ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ထွက်ရှိလာမယ့် အချိန်မှာ LG G2 Pro ဟာ LG G2 ထက် ကင်မရာ စွမ်းဆောင်ရည်ပိုမိုကောင်းမွန်မယ်လို့ LG က အသိပေး ပြောကြားထားပါတယ်။ LG G2 Pro ကို ဒီလကုန်တွင် Barcelona မှာ ကျင်းပပြုလုပ်မယ့် MWC တွင် ထုတ်ဖော်ပြသသွားမှာ ဖြစ်ပါတယ်။ ထွက်ပေါ်ခဲ့သော ဓာတ်ပုံများအရ အဆိုပါ Phablet သည် LG G2 နှင့် ပုံစံချင်း ဆင်တူနေတယ်လို့လည်း သိရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *