News

Lenovo Facebook Fan Page ပေါ်တွင် Lenovo Photo Contest ပြိုင်ပွဲ ကျင်းပမည်

Lenovoရဲ့ Photo Contest ပြိုင်ပွဲကို ဖေဖေါ်ဝါရီ (၁)ရက်မှ (၂၈)ရက်အထိ မည်သူမဆို ၀င်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။ ၀င်ရောက် ယှဉ်ပြိုင်သူများအနေဖြင့် Lenovoနှင့် ပတ်သက်သော မည့်သည့် ဓာတ်ပုံကိုမဆို Lenovo Fan Pageတွင် Postလုပ်၍ ၀င်ရောက် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ ယှဉ်ပြိုင်သူများ အနေဖြင့် ပြသမည့် ဓာတ်ပုံနှင့်အတူ ဖုန်း၊ Email Addressနှင့် မှတ်ပုံတင် နံပါတ်များကိုပါ တစ်ပါတည်း Post လုပ်ရမည် ဖြစ်သည်။ စည်းကမ်းချက်များ အနေဖြင့် ပြိုင်ပွဲ၀င် တစ်ဦးလျှင် ဓာတ်ပုံ တစ်ပုံသာ တင်ခွင့် ရရှိမည် ဖြစ်ပြီး၊ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသော ၊ တရားဥပဒေနှင့် မလွတ်ကင်းသော၊ Lenovoနှင့် မသက်ဆိုင်သော ဓာတ်ပုံများကို လက်ခံ စဉ်းစားမည် မဟုတ်ကြောင်း သိရသည်။ ဆုများအနေဖြင့် Lenovo Fan Pageတွင် Like အများဆုံး ရရှိသော ဓာတ်ပုံကို ဆုကြေးငွေများ ချီးမြှင့်သွားမည်ဖြစ်ပြီး ပထဆုအနေဖြင့် USD 300, ဒုတိယဆု USD 150, တတိယဆု USD 50 ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို www.facebook.com/lenovo.mmပေါ်တွင် Like ပြုလုပ်၍ လေ့လာနိုင်ကြောင်း သိရသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *