အိမ်သုံး၊ရုံးသုံးနှင့် စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုရန် သင့်လျော်သော Lenovo Notebookနှစ်မျိုးကို ဈေးနှုန်းများလျှော့ချ၍ ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။ ဈေးနှုန်းလျှော့ချ ရောင်းပေးမည့် Notebook နှစ်မျိုးမှာ Lenovo G480နှင့် Z400တို့ဖြစ်သည်။ အိမ်သုံး၊ ရုံးသုံးအတွက် Lenovo G480 Notebook ကိုရွေးချယ်ဝယ်ယူနိုင်ပြီး၊ Intel Pentium B960, RAM 2GB, 500GB HDD, DVD RW အစရှိသော Featureများ ပါဝင်မည်ဖြစ်သည်။ Lenovo G480ကို ယခင်ရောင်းဈေး $409မှ $20 လျှော့ချပြီး၊ $389 ဖြင့်ရောင်းချပေးမည် ဖြစ်သည်။ စတိုင်ကျချင်သူများနှင့် စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုချင်သူများအတွက် Lenovo Z400 ကိုဝယ်ယူနိုင်ပြီး၊ Intel Core i5 3230M, 4GB RAM, 1TB HDD, Graphic 2GB နှင့် Feature များစွာဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ Lenovo Z400 ကိုလည်း ယခင်ဈေးနှုန်း $729မှ $30 လျှော့ချပြီး၊ $699 ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ Notebook နှစ်မျိုးကို ရန်ကုန်၊ မန ္တလေး၊ နေပြည်တော် အစရှိသော မြန်မာတစ်နိုင်ငံလုံးရှိ Lenovo အရောင်းဆိုင်တိုင်းတွင် ၀ယ်ယူရရှိနို်င်ကြောင်း သိရသည်။ အထူးလျှော့ဈေး အစီအစဉ်များနှင့် ပတ်သက်၍ အသေးစိတ်သိလိုပါက ဖုန်း- ၂၄၅၁၈၀၊ ၃၇၃၀၂၆၊ ၃၈၅၁၇၇ တို့တွင် ဆက်သွယ် စုံစမ်းမေးမြန်းနိုင် ပါသည်။
Lenovo က Z400 နှင့် G480 Notebookနှစ်မျိုးကို ဈေးနှုန်းများလျှော့ချ၍ ရောင်းချပေးမည်

12
Sep
မကောင်း ဘူးလေ ရောင်းပါတော့