ကျွန်တော်တို့တွေဟာသက်ရှိလူသားတွေဖြစ်တဲ့အတွက်နေ့စဉ်နေ့တိုင်းကိုလူတွေနဲ့ထိတွေ့ဆက်ဆံပြီးတော့နေကြရ တယ်။ အဲဒီလိုဆက်ဆံတဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် အလုပ်အတူလုပ်တာရှိမယ်၊ စကားပြောရတာ ရှိမယ်၊ နားထောင်ပေးရတာရှိမယ်၊တာဝန်ပေးရတာရှိမယ်စသည့်ဖြင့်စုံလင်စွာရှိကြပါတယ်။ဒါကိုစာရေးသူကဒီလိုကြီးမား ကျယ်ပြန့်တဲ့လူမှုဆက်ဆံရေးထဲကအလုပ်သမားတွေနဲ့ ဝယ်ယူသူတွေ ရဲ့ ကြားက ဆက်ဆံရေးကို ပိုပြီးအကျိုးရှိအောင် ဘယ်လိုမျိုး ပြုမူဆက်ဆံနားထောင်သင့်လဲ ဆိုတာကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ကျွမ်းကျင်သူ ခန့်တာတောင် ဘာကြောင့် သူတို့ကို အပြည့်အဝ အသုံးမချနိုင်သလဲ…?
ခင်ဗျားအနေနဲ့ စီးပွားရေးတစ်ခုကို စတင်တဲ့အခါမှာ အဲဒီလုပ်ငန်းအကြောင်း အားလုံးကို အကုန်အစင် သိဖို့ မလိုအပ်ပါဘူး။ ဥပမာအားဖြင့်ပြောရရင် ခင်ဗျားအနေနဲ့ ပွဲစီစဉ်တဲ့ကုမ္ပဏီတစ်ခုကို စဖွင့်မယ်ဆိုပါစို့ ခင်ဗျားအနေနဲ့ graphic ဒီဇိုင်းကို မတတ်လို့၊ နားမလည်လို့ဆိုပြီး ဇီဇာမကြောင်ပါနဲ့။ ခင်ဗျားလိုအပ်တာက အမြင်အနည်းငယ် ရှိဖို့နဲ့ ဖိတ်ကြားမှုအားလုံးကို ဒီဇိုင်းချနိုင်တဲ့ ကျွမ်းကျင်သူတစ်ယောက်ကို ခန့်လိုက်ရုံပါပဲ။ ခင်ဗျားက ဘော့စ်ဆိုတဲ့ အဆင့်ကနေ သူတို့ရဲ့နေရာမှာ ဘယ်သူက အတော်ဆုံးလဲဆိုတာကို အကဲခတ်ရုံပါပဲ။ ကျွမ်းကျင်သူတွေရဲ့ အတိုင်းအတာကိုသတ်မှတ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ သူတို့ပြောတာကို နားထောင်ကြည့်ဖို့ပါပဲ။ ခင်ဗျားအလုပ်က သူတို့လိုအပ်တာကို ထောက်ပံ့ပေးပြီး သူတို့ရဲ့အကောင်းဆုံးအလုပ်ကို လုပ်ကိုင်စေဖို့ ဖြစ်ပါတယ်။ တစ်ခုက သူတို့ဘာလုပ်နေတယ်၊ ဘာလိုအပ်နေတယ်ဆိုတာကို မနားထောင်နိုင်ရင်တော့ သူတို့ရဲ့ စွမ်းရည်ကို သိနိုင်ဖို့က ခက်ခဲလှပါတယ်။ နားထောင်ကောင်းသူတွေဟာ အကောင်းဆုံး ခေါင်းဆောင်တွေဆိုတာကို အချက်နဲ့တစ်ကွ ပြောပြပါမယ်။ ဝန်ထမ်းတွေရဲ့အသံကို နားထောင်နိုင်တဲ့ သူဌေးတစ်ယောက်ဟာအောက်က အချက်တွေကို စွမ်းဆောင်နိုင်သူများ ဖြစ်ပါတယ်။
- ဖြစ်နိုင်သော ပြဿနာတွေကို လက်ဉီးမှုယူပြီး ဖြေရှင်းနိုင်သူ
- ယုံကြည်မှုနဲ့ သစ္စာကိုအလေးထားတယ်ဆိုတာကို သူ့ဝန်ထမ်းတွေကို ပြသသူ
- ကုန်ထုတ်အားကောင်းဖို့အတွက် အကြံအဉာဏ်တွေ ပေးနိုင်သော ဖန်တီးမှုလမ်းကြောင်းကို ဖွင့်ပြသူ
- ပြီးပြည့်စုံတဲ့ အတွင်းပိုင်း communication ကိုထိန်းထားနိုင်ပြီး လုပ်ငန်းကို ပိုပြီးအဆင်ပြေပြေ လည်ပတ်နိုင်သူ
ထိရောက်အောင် စကားပြောကြည့်ခြင်း
ခင်ဗျားကိုတစ်ယောက်ယောက်ကစကားပြောပြီးတဲ့အချိန်မှာစကားသံမြင့်မြင့်နဲ့ သူတို့ပြောတာကို ချက်ချင်းစဉ်စားပြီး တုန့်ပြန်နိုင်ရမယ်။ အသံအနေအထား ဘယ်လောက်မြင့်မြင့် ဒါဟာ သူတို့ရဲ့စိတ်ထဲမှာနဲ့ လုပ်ငန်းအကြောင်း ပြောနေတဲ့ စကားပြောဆိုမှုမှာ ပိုစိတ်ဝင်စားစေတယ်။ စကားပြောဆိုမှု တစ်နေရာရာမှာ သင့်ရဲ့ဝန်ထမ်းတွေကို မေးခွန်းတစ်ခုမေးပါ၊ ဥပမာ “ မင်းတို့ကို ငါ ဖြစ်နိုင်ဖွယ်ရှိတဲ့ မေးခွန်းလေး တစ်ခုမေးလို့ ရမလား” ။ ဒါဆိုရင် သူတို့ခင်ဗျားပြောတဲ့ အချိန်မှာ ပိုပြီးစိတ်ဝင်စားလာနိုင်ပါတယ်။ ပြီးတော့ ခင်ဗျားထပ်မေးရမှာက “ ငါတို့ ကုမ္ပဏီရဲ့ အင်အားကို မြန်မြန်ဆန်ဆန် ပိုတိုးတက်စေပြီး အောင်မြင်နိုင်မယ့် နည်းလမ်းကို မင်းတို့သိကြလား၊ ဒါမဖြစ်နိုင်ဘူးဆိုတာ ငါသိပေမယ့် မင်းတို့ ကုမ္ပဏီအတွက် ကြိုးစားပေးကြပါ “ ဒီလိုမျိုးပြောဆိုမှုတွေဟာ သူတို့ရဲ့စိတ်တွေကို အလုပ်ထဲကို ပိုပြီးအားစိုက်စေတယ်။ စကားပြောတဲ့နေရာမှာလည်း “ ငါတို့ ဒီလို လုပ်လို့ မဖြစ်ဘူး “ ၊ “ ဒီလိုလုပ်တာ အလုပ်ဖြစ်မှာ မဟုတ်ဘူး “ စတဲ့ အသုံးအနှုန်းတွေကို ရှောင်ကျဉ်သင့်ပါတယ်၊ ဘာလို့လည်းဆိုတော့ ဒီစကားတွေဟာ အနှုတ်ဘက်ကို ဦးတည်နေလို့ ဖြစ်ပါတယ်။
ကွပ်လပ်များကို ဖြည့်ပေးပါ
ခင်ဗျား တစ်ယောက်ယောက်ကို မေးခွန်းတစ်ခုမေးတဲ့အချိန်မှာ သူတို့ရဲ့စိတ်ကို ရုတ်တရက် သတိပေးစေသလိုဖြစ်ပြီး သူတို့ရောက်နေတဲ့နေရာမှာ ဒါမှမဟုတ် သူတို့ဘဝမှာ အလုပ်ကို စိတ်ဝင်တစားဖြစ်စေဖို့ အကောင်းဆုံး အထောက်အကူ ပေးပါတယ်။ မေးခွန်းမေးနေတဲ့အချိန်မှာလည်း သူတို့ကိုလည်း တစ်ခုခုအကြောင်းကို မေးပေးပြီး သူတို့က မေးခွန်းကို ဝင်ထောက်ပေးတဲ့အတွက် ပိုမိုပြီးပူပေါင်းပါဝင်မှုဆိုတဲ့ စိတ်ဓါတ်ကို ဖြစ်ပေါ်စေပါတယ်။ သင့်အနေနဲ့လည်း သူတို့ကိုပြန်ဖြေတဲ့ အဖြေအပေါ်လိုက်ပြီး လိုရင်လိုသလို ကွပ်လပ်လေးတွေဖြည့်ပြီး ဝင်ထောက်ပေးရပါမယ်၊ ဥပမာ “ ဒီမြေအတွက် မင်းရဲ့ လုပ်ဆောင်ချက်တွေက ဘာတွေလဲ ” လို့မေးတာထက်စာရင် ” ဒီမြေအတွက် မင်းရဲ့လုပ်ဆောင်ချက်တွေကတော့ … “ ဆိုပြီး ဖြည့်စွက်ပြောဆိုချင်းဟာ သူတို့စိတ်ထဲမှာလည်း သင့်နဲ့အတူ စကားဖလှယ်ပြောရတဲ့အတွက် ခင်မင်မှုကို ဖြစ်ပေါ်စေပါတယ်။
ငါဘယ်လိုလုပ်ရင် ပိုတော်မလဲ လို့မေးပေးပါ
ဒီလိုမေးပေးခြင်းဟာ သင့်တို့စကားဝိုင်းမှာ အပေါင်းလက္ခဏာဆောင်တဲ့ အပြုအမှုကနေ အနှုတ်လက္ခဏာ ဆောင်နေရင်တောင်မှ အချက်အလက်တွေကိုပဲ ဆွေးနွေးနေတာထက်စာရင် အနာဂါတ်ကို ရှေးရှုစေတဲ့ အလေ့အထကိုလည်း ဖြစ်စေပါတယ်။ ပြီးတော့ နောက်တစ်မျိုးအနေနဲ့ “ ရှေ့ရှောက် မင်းအမြင်မှာ ပိုကောင်းတဲ့ ဘော့စ်တစ်ယောက် ဖြစ်ချင်တယ်၊ ဒါကြောင့် မင်းအနေနဲ့ ငါရဲ့ဘယ်အပြုမူတွေက အနှုတ်လက္ခဏာဆောင်စေပြီး ဘယ်အပြုအမူတွေက အပေါင်းလက္ခဏာကို ဆောင်စေလဲ ” လို့ပြောချင်ဟာလည်း ထိရောက်တဲ့ ချဉ်းကပ်မှုတစ်ခု ဖြစ်ပါတယ်။
“နိုး” လို့ပြောတဲ့အခါ
ကိုယ့်ရဲ့ဖောက်သည်တွေဟာတစ်ခါတစ်ရံမှာ နိုးလို့ပြောပြီး မနှစ်မြို့ပဲ ထွက်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒိအချိန်မှာ ဖောက်သည်က အမှန်တကယ် နိုး လို့ပြောလိုက်တယ် ဒါပေမယ့် သင့်အနေနဲ့ ဖောက်သည်က နိုးလို့ပြောလိုက်တဲ့အတွက် လုံလောက်အောင် မမေးတော့တာ၊ မရှင်းပြတော့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံ အလုပ်မှာ နိုး ဆိုတာ may be လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဖောက်သည်က နိုး လို့ပြောလိုက်တဲ့အချိန်မှာကိုယ့်ဘက်က နောက်ထပ်မေးခွန်းလေးတွေမေးသင့်ပါတယ်၊ ဥပမာ တစ်ယောက်ယောက်က သင့်ရဲ့ ဆော့ဝဲလ်ကို စိတ်မဝင်စားဘူးလို့ ပြောတဲ့အခါမှာ သင့်အနေနဲ့ ကိုယ့်ရဲ့ဖောက်သည်ကို “ အမှန်တစ်ကယ်တော့ ဒီဆော့ဝဲလ်ကို ကျွန်တော်တို့ တစ်ကယ်ကို ကြိုးစားထားတာပါ၊ ပြီးတော့ သင့်အတွက်လည်း အရေးကြီးတဲ့ ဆော့ဝဲလ်တစ်ခုပဲလေ မဟုတ်ဘူးလား “ လို့ follow-up မေးခွန်းလေးတွေ ထပ်မေးကြည့်တဲ့အခါမှာ ဖောက်သည်က “ မင်းဟာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တဲ့လူပဲ၊ ငါ yes လို့ပြောရမှာ ဝန်မလေးတော့ပါဘူး “ ဆိုတာမျိုး ပြန်ဖြည်ကောင်း ဖြေနိုင်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့လည်း သင့်လုပ်ငန်းမှာ အပေါ်ကအချက်တွေကို လက်မခံဘူးဆိုရင်တောင် တစ်ကြိမ်လောက်တော့ ကျင့်သုံးကြည့်ပါ၊ သင့်အတွက်ထူးရင်တော့ အဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုပါပဲ။