News

ကြယ်စင်မြို့တော် (Star City) မှ အဆင့်မြင့် အိမ်ရာ တိုက်ခန်းသစ်ပေါင်း ၄၃၃ ခန်းကို ထပ်မံဖွင့်လှစ် ရောင်းချ

မြန်မာနိုင်ငံတွင် အိမ်ခြံမြေလုပ်ငန်းများဆောင်ရွက်နေသည့် ထိပ်တန်းစီးပွားရေးကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်သည့် Yoma Strategic Holdings (“Yoma Strategic”) (祐玛战略控股有限公司) က သန်လျင်မြို့နယ်ရှိ ၁၃၅ ဧကကျယ်ဝန်းသော နာမည်ကျော် ကြယ်စင်မြို့တော် (Star City) မှ အဆင့်မြင့် အိမ်ရာတိုက်ခန်းသစ်ပေါင်း ၄၃၃ ခန်းကို ထပ်မံဖွင့်လှစ် ရောင်းချ ပါတော့မည်။

ထိုအထူးသီးသန့် အဆင့်မြင့်အိမ်ရာ တိုက်ခန်းအသစ်များကို ၂၀၁၃ခုနှစ် ၂၃ရက် နိုဝင်ဘာလ မနက် ၁၀နာရီ (မြန်မာစံတော်ချိန်) မှစတင်ပြီး စင်ကာပူနိုင်ငံ ကြယ်စင်မြို့တော် (Star City) အရောင်းပြခန်း၊ ရန်ကုန်မြို့ သန်လျင်ရှိ အရောင်းပြခန်း နှင့် မန္တလေးမြို့ရှိ Mandalay Hill Resort ဟိုတယ်တို့မှာ တစ်ပြိုင်နက် ဘိုကင်လက်ခံပြီးရောင်းချသွားမှာဖြစ်ပါတယ်။

YOMA ၏အိမ်ခြံမြေလုပ်ငန်းဆိုင်ရာလုပ်ငန်းခွဲ၏ Managing Director ဖြစ်သော Mr. Elmar A. Busch က “ထပ်မံရောင်းချတော့မည့် ဒီဈေးနှုန်းသင့်တင့်တဲ့ အိမ်ရာတိုက်ခန်းတွေကို ဝယ်ယူရန် ရည်မှန်းထားသူတွေက ဝယ်ယူဖို့အတွက် စာရင်းပေးထားတာ အများကြီးရှိနေပါတယ်။ ပြီးတော့ ဇုန်ဘီ (Zone B) မှာရှိတဲ့ တိုက်ခန်းတွေကို ဝယ်ယူနိုင်ဖို့အတွက် ဒီတစ်ကြိမ်ဟာ နောက်ဆုံး အခွင့်အရေး ဖြစ်တဲ့အတွက် အချိန်တို အတွင်းမှာပဲ ရောင်းချလို့ကုန်သွားမယ်လို့ ထင်ပါတယ် ” ဟုပြောပါသည်။ ယခုရောင်းချမည့် အဆောက်အအုံ B-3 နှင့် B-4 ရှိတိုက်ခန်းအသစ်များသည် ကြယ်စင်မြို့တော်၏ အိမ်ရာ ဇုန်ဘီ (Zone B)၏ နောက်ဆုံးအကြိမ် အဖြစ်ရောင်းချမည့် တိုက်ခန်းများ ဖြစ်ပါသည်။

ဇုန်ဘီ (Zone B) သည် Yoma Strategic မှ ၂၀၁၃ ခုနှစ်ဧပြီလတွင်စတင်ပြီး ၂၀၁၆ ခုနှစ် ပထမလေးလပတ်အတွင်း ပြီးစီးအောင်ဆောက်လုပ်မည်ဟု ရည်မှန်းထားသော အိမ်ရာသစ် တည်ဆောက်မှုအဆင့် ငါးဆင့်ရှိသည့်အနက် ဒုတိယအဆင့် ဖြစ်ပါသည်။ တစ်မူထူးခြားသော အိမ်ရာစီမံခန့်ခွဲမှုအစီအစဉ်အဖြစ် ဖော်ဆောင်ထားသော ကြယ်စင်မြို့တော် (Star City) ၏ “လူမှု၀န်းကျင်အတွင်း သီးသီးသန့်သန့်နေထိုင်ခြင်း (Community within a community)” စိတ်ကူးအကြံဉာဏ်သည် မြန်မာနိုင်ငံအတွက် ပထမဆုံးဖြစ်ပြီး Yoma အိမ်ရာ စီမံခန့်ခွဲမှု အုပ်စု၏စီမံမှုဖြင့် နေထိုင်သူများအား ထူးကဲသော ၀န်ဆောင်မှုများကို ပြည့်ဝအောင် ဖြည့်ဆည်း ပေးမည်ဖြစ်ပါသည်။ ၎င်းကြယ်စင်မြို့တော် အိမ်ရာတွင် အရောင်းဆိုင်ခန်းများ၊ စားသောက်ဆိုင်များနှင့် ဘဏ်လုပ်ငန်းများမှလည်း ဖွင့်လှစ်လုပ်ကိုင်သွားရန် လက်မှတ်ရေးထိုးပြီး ဖြစ်၍ မကြာခင် လအနည်းငယ်အတွင်း လုပ်ငန်းများ စတင်လုပ်ကိုင်သွားမည် ဖြစ်ပါသည်။

star

ကြယ်စင်မြို့တော် Star City ၏ အရည်အသွေးမြင့် အိမ်ရာစီမံအုပ်ချုပ်မှု

ကြယ်စင်မြို့တော် (Star City) က နေထိုင်သူများ ရင်းနှီးမြှုပ်နှံထားသည်နှင့် ထိုက်တန်သော ပြိုင်ဘက်ကင်း ဝန်ဆောင်မှု များဖြင့် စဉ်ဆက်မပြတ် ဖြည့်တင်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ နေထိုင်သူများ အဆင်ပြေစေရန် စီစဉ်ပေးထားမှုများထဲတွင် ၂၄ နာရီ လုံခြုံရေး၊ အများနှင့်သက်ဆိုင်သော Public Area နေရာများကို စောင့်ရှာက်ထိန်းသိမ်းမှု၊ အသေးစားပြင်ဆင်မှုများမှသည် အကြီးစားပြုပြင်မွမ်းမံမှုများ အထိ ပြုလုပ်လိုသောသူများအတွက် စီမံဆောင်ရွက်ပေးမည့် ၀န်ဆောင်မှုဌာနများ ပါဝင်ပါသည်။ ကြယ်စင်မြို့တော် (Star City) ၏ ခြံဝင်းမြေပြင် အလှဆင်ခြင်း နှင့် ရေမလျှံ ရေမဝပ်အောင် ဆောင်ရွက်ထားသော စနစ်များသည် သဘာဝအတိုင်း လှပသပ်ရပ်ကာ စွဲဆောင်မှုရှိစေရန် ပြင်ဆင်ဆောင်ရွက်ထားပါသည်။ ထို့အပြင် အရန်သင့်ထားရှိသော မီးအားပေးစက်နှင့် သောက်သုံးရေအဖြစ် သန့်စင် ထုတ်လုပ်ပေးမည့် ရေသန့်စနစ်တို့ပါရှိသဖြင့် ယုံကြည်စိတ်ချရသော လျှပ်စစ်စွမ်းအားနှင့် သောက်သုံးရေ လိုအပ်ချက်များကို ကြယ်စင်မြို့တော် (Star City) ၏ အခြေခံအဆောက်အအုံက ဖြည့်ဆည်းပေးနိုင်ပါလိမ့်မည်။

ကြယ်စင်မြို့တော် (Star City) ၏ ထူးခြားသောဝန်ဆောင်မှုများထဲတွင် ရန်ကုန်မြို့လယ်နှင့် ထင်ရှားကျော်ကြားသော ဈေး၀ယ်စင်တာများတွင် ဈေးဝယ်နိုင်ရန်အတွက် အသွားအပြန် အချိန်မှန် ပြေးဆွဲပေးမည့် အကြို့အပို့အစီအစဉ် ပါရှိမည်ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် ပိုင်းတွင် မြန်မာနိုင်ငံ၏ အကြီးဆုံးစူပါမတ်ကက်ကြီးများထဲမှ တစ်ခုဖြစ်သည့် City Mart စူပါမားကတ်သည်လည်း ကြယ်စင်မြို့တော် (Star City) တွင် လာရောက်ဖွင့်လှစ်ရန် စီစဉ် ထားပြီးဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ အဆင့်မြင့် အရည်အသွေးမီ ကုန်ပစ္စည်းများ ကျယ်ကျယ်ပြန့်ပြန့် ဝယ်ယူ ရရှိနိုင်သည့် အတွက် နေထိုင်သူများအနေဖြင့် ကောင်းမွန်လတ်ဆတ်သော အသုံးအဆောင် ပစ္စည်းများကို အနီးအနားဝန်းကျင်တွင်ပင် အဆင်ပြေစွာ ဝယ်ယူရရှိနိုင်မည်လည်း ဖြစ်ပါသည်။ ကြယ်စင်မြို့တော် (Star City) တွင် နေထိုင်သူများ အပြည့်အဝ အသုံးပြုနိုင်မည့် စတုရန်းပေ ၆၅,၀၀၀ ကျယ်၀န်းသော Health club ကို ၂၀၁၆ ခုနှစ် အစောပိုင်းတွင် ဖွင့်လှစ်ရင် စီစဉ်ထားပါသည်။

ကြယ်စင်အိမ်ရာ (Star City) တွင်  စတုရန်းပေ ၆၄၂ ပေမှသည် ၃,၃၇၄ စတုရန်းပေအထိ ကျယ်၀န်းသော အိမ်ခန်းအမျိုးအစား ၂၃ မျိုးကိုရရှိနိုင်ပြီး မြစ်ရေပြင်ရှုခင်း၊ သို့မဟုတ် ခြံ၀င်းရှုခင်း၊ သို့မဟုတ် ကန်ရေပြင်ရှုခင်းကို ရှုမြင်ခံစားနိုင်ရန် ရွေးချယ်နိုင်ပါသည်။ ဈေးနှုန်းအားဖြင့် အိပ်ခန်းတစ်ခန်းပါ အိမ်ခန်းအတွက် အမေရိကန်ဒေါ်လာ ၈၀,၀၀၀မှ စတင်ပြီး အိပ်ခန်းကျယ် ၄ ခန်းပါအိမ်ခန်းအတွက် အမေရိကန်ဒေါ်လာ ၄၅၀,၀၀၀ ကျော်အထိ အမျိုးမျိုးရှိပါမည်။

Star City ၏ ဇုန်ဘီ (Zone B)  ကို  SPA Project Management Pte. Ltd. နှင့် Dragages Singapore Pte Ltd., BYMA Pte.Ltd တို့က အကျိုးတူပူးပေါင်းကာ ကြီးကြပ်ဆောင်ရွက်ပြီး ကမ္ဘာ့အထင်ကရ အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းစုကြီး ဖြစ်သော Bouygues S.A. က တည်ဆောက်နေပါသည်။

Yoma Strategic ၏ အိမ်ခြံမြေလုပ်ငန်းများနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များ အတွက် http://www.yomastrategic.com/html/bus_estate.php ကို ရည်ညွှန်းကိုးကား နိုင်ပါသည်။

ပိုမိုသိရှိလိုပါက ပူးတွဲဖော်ပြထားသည့်သတင်းထုတ်ပြန်ချက်တွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။

3 thoughts on “ကြယ်စင်မြို့တော် (Star City) မှ အဆင့်မြင့် အိမ်ရာ တိုက်ခန်းသစ်ပေါင်း ၄၃၃ ခန်းကို ထပ်မံဖွင့်လှစ် ရောင်းချ

  1. Ah Zaw says:

    ဘယ်ဖောင့်နဲ့ေ၇းထားတာလဲ ဖတ်လို့မ၇ဘူး

    1. Thu Ya says:

      zawgyi , unicode ၂ မျိုးစလုံး ဖတ်လို့ ရအောင် ဒီဆောင်းပါးမှာ ဖတ်ပါ။ /how-to/browsers-zawgyi-unicode/

  2. Myanmar ICT says:

    myanmar 3 fonts နဲ့ပါ

Leave a Reply

Your email address will not be published. Required fields are marked *