Review

ကျွန်တော် ကြုံတွေ့ခဲ့သော ISO အကြောင်း

တကယ်လို့ ISO Certificate ယူထားတဲ့ Company မှာ IT Post နဲ့ သင်တာဝန်ယူထားပြီး Computerized System ကို အသုံးပြုထားတယ်ဆိုရင် ဘာတွေလုပ်ဆောင်ဖို့ လိုအပ်သလဲဆိုတာ ကျွန်တော်ရဲ့ အတွေ့အကြုံကို ပြောပြချင်ပါတယ်။ ISO ဆိုတာ (International Organization for Standardization) လို့ခေါ်တဲ့ နိုင်ငံတကာ စံချိန်စံညွှန်း သတ်မှတ်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ တကယ်လို့ သင့် Company မှာ ISO ယူထားပြီး Computerized System အသုံးမပြုထားဘူးဆိုရင်တော့ သိပ်ပြီးပူစရာမလိုပါဘူး။ ISO လဲယူထားတယ်၊ Computerized System လည်းအသုံးပြုထားတယ် ဆိုရင်တော့ သူ့ရဲ့ လုပ်ဆောင်ချက်တွေရှိပါတယ်။

ISO မယူထားတဲ့ Company မှာကျွန်တော် IT Post နဲ့အလုပ်ဝင်လုပ်တုန်းက ISO အကြောင်းဘာမှမသိခဲ့ဘူး။ ရှင်းရှင်းပြောရရင် ISO ရဲ့ အရှည်ခေါက် ကို တောင်မသိခဲ့တာ။ နောက် အလုပ်ပြောင်းပြီး ISO ယူထားတဲ့ Company ကို IT Post နဲ့ပြောင်းမိသွားတယ်။ အဲဒီမှာ စတွေ့တော့တာပဲ။ ဘာလို့လဲဆိုတော့ ISO အဖွဲ့အစည်းက တစ်နှစ်တစ်ခါ လာပြီးစစ်တယ်။ အဲဒီ ISO စစ်တဲ့ အချိန်နဲ့ ကျွန်တော်အလုပ်ဝင်တဲ့ အချိန်နဲ့ သွားပြီးတိုက်နေတော့ ဘုမသိဘမသိ အစစ်ခံလိုက်ရတယ်။ ISO ဆိုတာဘာမှန်းမသိသေးတဲ့သူကို ISO နဲ့ပတ်သက်တဲ့ Computerized System တွေအကြောင်း မေးတော့လျှောက်ပြီး ဖြေရတော့တာပေါ့။ မဖြေလို့ကလည်းမရ။ မဖြေနိုင်လို့ ကိုယ့်ကြောင့် ISO မရ​တော့ရင် သွားပြီ။ သေမဲ့နှစ်မှ စစ်ထဲဝင်သလို ဖြစ်သွားတယ်။ ပထမဦးဆုံး ISO ရဲ့အတွေ့အကြုံကို ခံစားလိုက်ရတယ်။

ကျွန်တော်အဲဒီ Company မှာအလုပ်စဝင်တော့ Computerized System တွေမပြောင်းရသေးဘူး။ အဲဒါကြောင့် နည်းနည်းသက်သာ သွားတာ။ အဲဒီတုန်းကဆို Computerized System ဆိုတာ ​ယောင်ဝါးဝါးပဲရှိ​သေးတာ။ ဘယ်လိုဟာကို ခေါ်လို ခေါ်မှန်း မသိသေးတဲ့ အချိန်ပေါ့။ Computerized System ဆိုတာကြီးကို Internet မှာရှာ။ ခေါင်းတွေလဲမူးသွားတယ်။ Organization တွေကမတူတော့ ဟိုဆိုက်မှာကတစ်မျိုး၊ ဒီဆိုက်မှာကတစ်မျိုး၊ တော်တော်ရူးချင်သွားတယ်။ အဲဒီတုန်းကဆို “ဖြစ်ချင်အုန်း ဟဲ့ IT” ဆိုပြီး တွေးမိသေးတယ်။

ဟိုဆိုက်မှာနည်းနည်း၊ ဒီဆိုက်ထဲမှာနည်းနည်း အဆင်ပြေမယ့် အကြောင်းအရာတွေ ယူရတာပေါ့။ 6 လလောက်ကြာတော့မှ နည်းနည်းသဘောပေါက်လာပြီး Computerized System ကိုစသုံးဖြစ်တယ်။ ကျွန်တော်လုပ်တဲ့ Organization ရဲ့ Computerized System မှာအဓိကက Email System နဲ့ Software System ဆိုတာတွေ့လာခဲ့တယ်။ အဲဒါကြောင့် Email Server Installation တွေလုပ်ရတယ်။ Software ကျတော့ ကျွန်တော်က မရေးတတ်တော့ ကျွန်တော့ သူငယ်ချင်း Software သမားတွေကို ရေးခိုင်းရတာပေါ့။ Software တစ်ခုရေးခိုင်းဖို့ဆိုတာ အဲဒီတော့မှ မလွယ်ကူမှန်းသိသွားတယ်။

ကိုယ်ကိုတိုင်က အဲဒီ Organization တစ်ခုလုံးကို အကုန်လေ့လာပြီး တော့မှ Software သမားကို ဘယ်လိုရေးပေးပါဆိုတာ အသေးစိတ်ပြောရတယ်။ အဲဒီလို အသေးစိတ်ပြောနိုင်မှ အမှားကင်းတဲ့ Software ကောင်းတစ်ခုရမှာပါ။ Software ရေးခိုင်းတဲ့ နေရာမှာ နောက်တစ်ခုအရေးကြီးဆုံးက Data တွေကို Edit နဲ့ Delete လုပ်နိုင်အောင် သေချာပြောရတယ်။ ဘာလို့လဲ        ဆိုတော့၊ User တွေက အမြဲမှားနေကြတာ။ Sofware ရေးတာပြီးတာနဲ့ အဲဒီ Software ကို Error ကင်းအောင် Testing လုပ်ရရော။ အကုန်ဆင်ပြေပြီ ဆိုမှနဲ့  Software System ကိုစတင်အသုံးပြုပါပြီ။  တစ်ဖြည်းဖြည်းနဲ့ တစ်နှစ်လောက်ကြာမှ တော်တော်လေးကိုအဆင်ပြေလာတယ်။

အဓိကက Data File တွေကို File Server Sharing System တွေသုံးလာကြတော့ စာရွက်တွေ Printing လုပ်ရတာ တော်တော် သက်သာလာတယ်။ Email ကိုကြတော့ Reporting System မှာအဓိက ထားသုံးတယ်။ IT နဲ့ပတ်သက်တဲ့ (SOPs) Standard Operation Procedures တွေလုပ်ရတယ်။ အဲဒီ SOP Procedures ထဲမှာ ဘာတွေပါလဲဆိုရင် Organization တစ်ခုလုံးရဲ့ Computer Hardware & Software အသေးစိတ် List လုပ်ရတယ်။ အဲဒီ Computer တွေကို Maintenance လုပ်ဖို့အတွက် Date/Time ဆွဲရတယ်။ ဘယ် Date မှာ ဘယ် Computer ကို Maintenance လုပ်ရမလဲဆိုတာတွေပေါ့။ ပြီးတော့ Computer တွေကို Label ကပ်ရတယ်။ Label ကပ်တာတောင်မှ Format ကရှိပြီးသား။ ဥပမာပြောရရင် HR Department မှာရှိတဲ့ Computer ဆိုရင် (HRD – 01) ဆိုပြီးကပ်ရတယ်။ အဲဒီရောက်မှ Format ကအရေးကြီးမှန်း သဘောပေါက်သွားတယ်။ ပြီးတော့ Network ကြိုးဆွဲထားတဲ့ လမ်းကြောင်းတွေကို Drawing ဆွဲပြီး SOP File ထဲထည့်ရသေးတယ်။ ပြီးတော့ Software အသုံးပြုဖို့အတွက် Software အသုံးပြုနည်း Instruction ရေးပေးရတယ်။

Computerized System အသုံးပြုရင် အရေးကြီးဆုံးက Backup System ပါပဲ။ ပြီးတော့ Antivirus System ကို Up To Date အသုံးပြုရမယ်။ Security System တွေကိုလဲ လုပ်ထားရမှာပါ။ Organization တစ်ခုလုံးရဲ့ Data ဟာ သင့်လက်ထဲမှာ ရှိနေတယ်ဆိုတဲ့ စိတ် (No Error) ဆိုတာ သင်သိရမှာပါ။ ကျွန်တော်အခုပြောပြတာ ကျွန်တော် ISO မှာကြုံခဲ့တဲ့ အတွေ့အကြုံလေးပါ။ တကယ်လို့သင်လည်း ISO ယူထားတဲ့ Company မှာ IT Post နဲ့လုပ်မယ်ဆိုရင် ဒါတွေသိထားဖို့ လိုပါလမ့်မယ်။

author-avatar

About Kyaw San Tun

ကျော်ဆန်းထွန်းမှာ Myanmar ICTတွင် နည်းပညာဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

One thought on “ကျွန်တော် ကြုံတွေ့ခဲ့သော ISO အကြောင်း

  1. ကောင်းပါတယ် ISO certified ဖြစ်တဲ့ company မှာ IT မှမဟုတ်ပါဘူး department အားလုံး ISO ရဲ့သတ်မှတ်ထားတဲ့ ဘောင်အတွင်းအလုပ်လုပ်ရပါတယ်။ ISO မှာ standard တွေအများကြီးရှိပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *